Chapter 108 (Unicode)

1.9K 246 3
                                    

တနေ့လုံးလျှောက်သွားနေတော့ ကျူးကျူးခါးတွေရော ခြေထောက်တွေပါ နာနေလေပြီ။

အိတ်တွေအများကြီး သယ်ရင်း ကျောက်တုံးသေးလေးတွေကို သူမ မယူ၇သေးကြောင်း သတိ၇လိုက်သည်။

သူမဆိုင်ကို ရောက်သွားတော့ ဆိုင်ရှင်ဟာ စောင့်နေတာတောင်  ကြာနေလေပြီ။ ဆိုင်ရှင်ဟာ ပြုံးရင်း ပြောလိုက်သည်။ "မိန်းကလေး၊ ကျောက်တုံးသေးသေးလေးတွေက အရမ်းလှတာကြောင့် လက်ကောက် နှစ်ခု၊ သုံးခုတောင်၇တယ်"

ကျူးကျူး ကျန်နေသေးတဲ့ ကျောက်တုံးလေးတွေကိုပါ ယူပြီး အိမ်ကိုပြန်ရန် တက္ကစီပေါ်တက်လိုက်သည်။

တက္ကစီဟာ ချောချောမွေ့မွေ့နဲ့ မောင်းထွက်သွားသည်။

ကျူးကျူး အိတ်ကိုဖွင့်လိုက်ပြီး အထဲမှာရှိနေတဲ့ ကျောက်တုံးလေးတွေကို ကောက်ယူလိုက်သည်။ ရုတ်တရက် လုံးဝန်းပြီး ချောမွေ့နေတဲ့ အမဲရောင်ကျောက်တုံးလေးက ကျူးကျူးရဲ့ အကြည့်တွေကို ဖမ်းစားသွားသည်။ ကျောက်တုံးလေးဟာ လှလွန်းတာကြောင့် ကျူးကျူးဟာ ချက်ချင်း ချန်ကျမ်းရဲ့ ပင်ပန်းနေတဲ့ မျက်လုံးတွေနဲ့တူလိုက်တာလို့ တွေးမိသွားသည်။ 'သူ လူတွေကို ကြည့်နေရင် သူ့ခံစားချက်တွေက ဘာမှမရှိသလိုမျိုးပဲ'

ကျူးကျူး ဒီကျောက်တုံးလေးကို ချန်ကျမ်းအတွက် ချန်ထားပေးလိုက်၇မယ်လို့ ဆုံးဖြတ်လိုက်သည်။

ချန်ကျမ်းကတော့ နဂိုအတိုင်း စာကြည့်ခန်းထဲမှာ ပျင်းရိနေသည်။

ကျူးကျူး အပြင်မှာပဲ စားခဲ့ပေမဲ့ တယောက်တည်းစားတာထပ်မိမှာ ကြောက်တာကြောင့် သူ့အတွက် ပါဆယ်ဝယ်သွားပေးလေသည်။ ဟိုတယ်မှာ ပင်လယ်စာတွေပဲစားလာ၇တော့ အနည်းငယ်အီချင်သလိုဖြစ်နေတာကြောင့် သူ့အတွက် ထမင်းကြော်ရယ်၊ သစ်သီးကိတ်နဲ့ သရေစာတွေ ဝယ်သွားလိုက်သည်။

ကျူးကျူး ချန်ကျမ်းကို သတိပေးလိုက်သည်။ "ဘဝအကြောင်းတွေ ထပ်မပြောနဲ့တော့!"

ချန်ကျမ်း ဖြေးဖြေးချင်း ခေါင်းညိတ်လိုက်သည်။

သူစားနေတုန်း ကျူးကျူး တခုခုကို သတိ၇သွားသည်။ သူမအခန်းထဲကို ပြန်ဝင်သွားပြီး အိတ်သေးသေးလေးတလုံးကို ထုတ်လိုက်သည်။ အိတ်ထဲကနေ အမဲရောင်ကျောက်တုံးသေးလေးကိုယူပြီး ဧည့်ခန်းထဲ ပြန်ဝင်လာချိန်မှာတော့ ချန်ကျမ်းဟာ ထမင်းကြော်စားပြီးလို့ သစ်သီးကိတ်တောင် အေးဆေးထိုင်စားနေလေပြီ။

ကျူးကျူး ။ "...."  'ဒီကောင်မှာ တကယ်ပါးစပ်နှစ်ပေါက်ပါတာလားဟ! ရှေ့တပေါက်၊ နောက်တပေါက်'

သူမအံတင်းလိုက်ပြီး သူမရည်ရွယ်ချက်ကို မမေ့ဖို့ တွေးလိုက်သည်။

ညစာစားပွဲခုံတဖက်မှာ ကျူးကျူးထိုင်လိုက်ပြီး ကျောက်တုံးသေးလေးကို ချန်ကျမ်းဆီတွန်းပေးလိုက်သည်။ "ဒီလက်ဆောင်သေးလေးက နင့်အတွက်"

ချန်ကျမ်း ။ "ဒါကဘာလဲ?"

ကျူးကျူး ။ "မှန်းကြည့်လေ"

သူ့ရဲ့စဉ်းစားနေတဲ့ပုံစံက ကျူးကျူးကို အားတက်စေသည်။

"အနှိပ်ဘောလုံးလား?"

......

......

......

တိတ်ဆိတ်ငြိမ်သက်နေ

ကျူးကျူးက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ "ဘာလို့ ကျောက်ကပ်မှာတည်နေတဲ့အလုံးတွေလိုပဲလို့ မပြောတာလဲ?" 

တကယ်လည်း ချန်ကျမ်းဘက်ကနေကြည့်ရင် အနှိပ်ဘောလုံးနဲ့တူနေတာကြောင့် ကျူးကျူးဆက်မပြောတော့ပေ။

"မေ့လိုက်တော့၊ နင်မယူချင်လဲ နေတော့"

ချန်ကျမ်းရဲ့ လှုပ်ရှားမှုက သူမထက် ခြေတလှမ်းသာသွားသည်။ သူ့လက်တံတွေက ရှည်တာကြောင့် ကျူးကျူးလက်ကနေ ကျောက်တုံးလေးကို ယူဖို့ လွယ်ကူစေသည်။

သူ့အိတ်ထဲ ကောက်ထည့်လိုက်ပြီး ဘာမှမဖြစ်သလိုမျိုး ဆက်စားနေလိုက်သည်။

ကျူးကျူး ။ "???"

"စားအုန်းမလား?" သူ ဖြေးဖြေးချင်းမေးလိုက်သည်။

ကျူးကျူး ။ "....'

ကျူးကျူး ကျားချန်မှာ အလုပ်လုပ်တော့မယ်လို့ ဆိုလိုတာက ချန်ကျမ်းကုမ္ပဏီမှာ သူမနဲ့ ဆုံမဲ့အခွင့်အရေးတွေကို လျော့ချ၇တော့မယ်လို့ ဆိုလိုတယ်။

တုနွမ်ဟာ အဲစုံတွဲက ဘာလို့ အဲဒါကို ဖုံးကွယ်ချင်နေမှန်းမသိပေမဲ့ လူပျို တကိုယ်တည်းသမားတွေ အတော်ကြာကြာ ဆွေးနွေးပြီးနောက် ပျော်စရာရှာနေကြတာပါပဲလို့ ဆုံးဖြတ်လိုက်ကြသည်။

(Book 2) ဒုတိယဇာတ်လိုက်ရဲ့ဇနီးဟောင်းအဖြစ်သို့ကူးပြောင်းလာခြင်း Where stories live. Discover now