...............................
ည၈နာရီခန့်တွင်ရူဘီတစ်ယောက်အလုပ်ရှုပ်နေသည်။ သုံးတောင့်ထိုး ဓာတ်မီးကိုကိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတုန်း အနောက်ကထွက်ပေါ်လာသည့်အသံကြောင့် လန့်သွားရသည်။
"ဘာရှာနေတာလည်း မင်းသမီး"
"အမလေး ရှင်ကဘယ်လိုရောက်လာတာလဲ"
"ဆရာတော်ချောင်းဆိုးလို့ ဆင်နှာမောင်းရွက်လာရှာတာ နေပါဦး ဒီချိန်ကြီး မင်းသမီးက ဒီမှာဘာလုပ်နေတာလဲ"
"ကျွန်မခြံထဲကျွန်မနေတာ ရှင့်သံတော်ဦးတင်ရမလား"
"စွာရန်ကော မင်းသမီးရယ် ကျွန်တော်က စေတနာနဲ့ မင်းသမီးတစ်ခုခုရှာနေတာဆိုရင် ကူရှာပေးမလို့ပါ"
"ရတယ် မလိုဘူး ရှင်သာအမြန်ပြန်ထွက် ဖေကြီးသိရင် ရှင် ထိပ်တုံးစာမိလိမ့်မယ် ဒီဘက်ကို ယောက်ျားသားပေးမဝင်ဘူး"
အခြေအတင်ဖြစ်နေတုန်း ရူဘီအိပ်ဆောင်မှအသံကိုကြားလိုက်ရသည်။
"သခင်မလေးပျောက်နေတာ ကြာပြီ ရှာကြပါဟ"
"ထွက်များပြေးသွားသလား"
"မနက်ဆို လက်ထပ်ရမယ့်သူကရွာရောက်လာတော့မှာမို့ ထွက်ပြေးခံလို့မရဘူး"
"သခင်ကြီးတို့ကိုအကြောင်းကြားရမယ်"
ဆူညံပွက်လောရိုက်ရင်း ရူဘီတို့ရှိရာဘက်သို့အစောင့်တစ်ချို့လာနေတာကြောင့် လာလီဟာ မင်းသမီးကိုရင်ခွင်ထဲပိုက်ရင်း ခြုံပုတ်တဖက်ကို လှဲချလိုက်သည်။Kimအိမ်တော်ရဲ့ ဥယျာဉ်ဘက်ဖြစ်တာမို့ ခြံစည်းရိုးခိုင်မာစွာချမထား။ပန်းခြုံလေးများကိုသာ အစီအရီစိုက်ပျိုးထားတာမို့ လှိမ့်ချလိုက်သောအခါ ခြံပြင်သို့ရောက်သည်။
"ရှင် ဘာလုပ်"
"တိတ်တိတ်နေပါမင်းသမီး ခင်ဗျားကဒီလိုအခြေအနေနဲ့တွေ့သွားစေချင်လို့လားကောင်းကျိုးမရှိဘူးနော်"
လာလီပိတ်ဟောက်တော့မင်းသမီးမှာမျက်နှာငယ်လေးနှင့်။
"အခု ဘယ်လိုလုပ်ကြမလဲဟင်"
"ဘယ်လိုလုပ်ရမလဲ ခင်ဗျားကိုသူတို့က အိမ်ထောင်မပြုချင်လို့ ထွက်ပြေးသွားတယ်ထင်နေကြတာလေ ပြီးတော့ ကျုပ်ပါအဆစ်ပါနေတော့"
ပြောရင်းသူမ မျက်နှာကိုကြည့်လိုက်တော့ ဇီးသာသာ ရှိတော့တာမို့
"ဟူး......ဘယ်တတ်နိုင်မလဲ တကယ်ပြေးကြတာပေါ့"
သက်ပြင်းချရင်းပြောတော့
သူမက
"ရှင့်ပုံစံက မတတ်သာလို့ ခေါ်ရသလိုပဲ"
"ဒါဖြင့်မလိုက်ဘူးလား"
မျက်စောင်းလှလှသာစကားပြန်ရလိုက်သည်မို့ လာလီပြုံးလိုက်ကာ
"ခင်ဗျား အခုမြို့ကလာမယ့်သူကို ယူနိုင်လို့လား မချစ်ဘဲလေ"
"..."
"မယူနိုင်ဘူးဆိုရင် လိုက်ခဲ့ အဲ့လူထက်စာရင်တော့ ကျွန်တော့်ကိုက မင်းသမီးမြင်တွေ့ဖူးနေတယ်လေ ပြီးတော့ ကျွန်တော်က သဘောကောင်းပါတယ်"
အလကား လိပ်ကြီး။ဘုန်းကြီးကျောင်းသားက စကားတော့ကြွယ်ပါသည်။သူပြောသလို မတွေ့ဖူး မမြင်ဖူးသောသူကို လက်ထပ်ရမည့်အစား သူကို့ကတော်သေးသည်။ တခြားအကြောင်းပြချက်ရောရှိသေးသလားလို့ရူဘီမရှာအား။အခြေအနေက ကသောင်းကတင်းမလား။။ ဘယ်သူက ဒီလိုထင်မှာလဲ။တကယ်က ရူဘီထွက်ပြေးချင်လို့ဆင်းလာတာမဟုတ်ဘူး။နားစွဲတစ်ဖက်ပြုတ်ကျသွားလို့ ကောက်မလို့ ဆင်းလာတာပါ။အခုတော့နားစွဲရှာမတွေ့ဘဲ လူစိမ်းနဲ့တိုးကာ သူ့နောက်လိုက်ပါရတော့မည့်အဖြစ်။
သို့သော် ဝန်လေးနေသလားဆိုတော့ ဟင့်အင်း။ အဲ့လိုလုံးဝမခံစားရဘူး။ရင်ထဲခုန်သလိုလို ဘာလိုလို။ သမီးရည်းစားလည်းမဟုတ် သူနဲ့ကိုယ်က မျက်မှန်းတန်းမိရုံ အဆင့်မျှသာ။
ပေါက်တဲ့နှဖူး မထူးတော့ သူကမ်းလာသောလက်ကိုဆွဲကာ သူ့နောက်ကိုလိုက်ခဲ့တော့သည်။
မျက်နှာကတော့ပြုံးပြုံးကြီးနဲ့ပေါ့။
#next part coming
#thanks for waiting
#ဖတ်တဲ့လူသိပ်မရှိသလိုပဲ ဆက်ရေးဖို့အားမရှိ😥😥
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
