ဟုဆိုကာ ရင်ခွင်ထဲပိုက်ထားသောရူဘီ့ကို မာဘို့ဆွန်းထံလက်လွှဲပေးပြီး ထလိုက်သည်။လှမ်းနေသော ခြေလှမ်းပင်သုံးလှမ်းမပြည့်သေး
"ကျွန်မ လမ်းမလျှောက်နိုင်ဘူး လာလီ"
သတိရလာသောရူဘီဟာ မျက်နှာငယ်လေးနှင့်။လာလီရင်ထဲ ဝင်းကနဲလက်ခနဲ လျှပ်စီးထသွားသယောင်။သို့သော်မျက်နှာကတော့တည်နေမြဲ။
"ကျွန်တော်ကဘာလုပ်ပေးရမှာလဲ မင်းသမီးမှာ အခြွေအရံတွေရှိတာပဲ"
လာလီ့စကားနာထိုးခြင်းကို မာဘို့ဆွန်းက ပြန်လည်တောင်းပန်ကာ
"ဟုတ်ပါတယ် ရှိပါတယ် ကျွန်မတို့က မင်းသမီးလေးကို မချီနိုင်ဘူးလေတော် ဘုန်းကြီးကျောင်းသားကပဲလိုက်ပို့ပေးပါ ကူညီလက်စနဲ့"
"ကျုပ်ကလက်ကြမ်းကြီးဆို ခင်ဗျားတို့မင်းသမီးအသားတွေကွာကျနေပါဦးမယ်"
"ကျွန်မတကယ်မလျှောက်နိုင်တာ လာလီ ခြေကျင်းဝတ်လည်သွားတယ်ထင်တယ်"
ဆက်စကားနာထိုးချင်ပေမဲ့ ခြေထောက်လေးကိုင်ကာ မျက်နှာငယ်လေးနဲ့ မင်းသမီးက သိပ်ကိုသနားဖို့ကောင်းတယ်မလား။စွေ့ခနဲပွေ့ချီလိုက်တော့ လီ့ ဂုတ်ပိုးကိုလက်တစ်ဖက်ကဖက်ကာ ရင်ဘတ်ကိုကိုင်လာတဲ့လက်တစ်ဖက်ကတုန်တုန်ရီရီလေး။ခြေလှမ်းကျဲကျဲလျှောက်ခဲ့တာမို့ အပျိုတစ်သိုက်ကခပ်လှမ်းလှမ်းမှာကျန်ခဲ့သည်။သူမကရှက်နေ၍လားမသိ မျက်နှာဟာရင်ဘတ်ထဲဖောက်ဝင်လုနီးပါး။လာလီပြုံးမိသည်။
"ဒီမှာ မင်းသမီး ကျွန်တော်က ခင်ဗျားခြေထောက်နာလို့ လိုက်ပို့တာနော် ကျွန်တော့်ကြွက်သားတွေကို အသားယူမကိုင်မပါနဲ့"
"ဘယ် ဘယ်သူက ကိုင်လို့လဲ ကျွန်မပြုတ်ကျမှာကြောက်လို့"
"ပစ်ချကြည်လိုက်ရမလား"
သူမမျက်နှာလေးအားငုံ့ကြည့်ကာ ကျီဆယ်တော့
"ဟင့်အင်း မလုပ်ပါနဲ့"
ကြောက်လန့်တကြား ဖက်တွယ်လာတဲ့လက်ကတွေးဟာ တင်းကြပ်စွာ။
"မင်းသမီးကအတော် ရှက်တတ်တာပဲ မျက်နှာက ကျွန်တော့်ရင်ဘတ်ထဲဖောက်ဝင်တော့မယ် ဒါမှမဟုတ် ခိုနမ်းနေတာများလား"
"ဘာ ပြောတယ် နမ်းစရာလား လူကိုစွပ်စွပ်စွဲစွဲ ခြေထောက်နာနေလို့အကူအညီတောင်းတာကို ပြောနေလိုက်တာ ရစရာမရှိ မပို့နဲ့တော့ ကျွန်မဘာသာ ပြန်မယ်"
အတင်းဆင်းပါမယ်လုပ်နေသော သူမအား
"ငြိမ်ငြိမ်နေ မဟုတ်ရင်အတည်ကျွန်တော်ပစ်ချတော့မှာ"
ငြိမ်သွားသောသူမဟာ မျက်နှာကိုဖွက်မြဲတိုင်းပင်။
ရွာထဲဖြတ်လျှောက်ရတာမို့ လူတွေဟာတအံ့တဩ။ လူချောလေးလာလီဟာ မင်းသမီးကိုပွေ့ချီခေါ်သွားတယ်ဆိုတာ အရမ်းကို ဓာတ်ရှင်ဆန်တယ်မလား။ လာလီဟာ ရူဘီ့ကို ပွေ့ချီထားရတာမို့ လက်ကကြွက်သားတွေဟာ အထင်းသား။
ဘုန်းကြီးကျောင်းသားကိုရွာထဲကအပျိုမတွေ အိပ်မက်ထဲထည့်မက်ရမယ့်ညပေါ့။။
#1418words
#next part coming
#sry for late....🤍
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
