"ဒေါ်လေးတို့ကအမြဲဒီလိုချည်းပဲ"
ရူဘီ့ရဲရန်စောင်သံလေးကို မာဘို့ဆွန်းကအပြုံးနဲ့သာတုံ့ပြန်လိုက်သည်။ထိုနောက် Kim အိမ်တော်သို့ပြန်ရန်ရွာထဲကိုအဖြတ် လမ်းခုလတ်‌တနေရာအရောက်

    "ဝမ်းဘဲ....."
ဟူသောအသံနှင့်အတူ ပြေးလာနေသော နွားသိုးကြီး။ ‌ပြီးတော့ အဲ့တာကလည်းရူဘီ့ တည့်တည့်ကို ။ ရူဘီ ကြောင်နေရင်းမှ မျက်စိအားစုံမှိတ်ကာ အော်လိုက်သည်။
     "ကယ်ကြပါ"
ထိုစဉ် လူတစ်ဦးက ရူဘီ့အားရင်ခွင်ထဲထွေးပွေ့ကာ နွားသိုးနဲ့ဝေးရာသို့ လှဲရှောင်လိုက်သည်။ဖြစ်ပျက်တာတွေက မြန်ဆန်လွန်းလို့ အပျိုမတစ်သိုက်ဟာလည်း အယောင်ယောင်အနန ။
      "ခဗျားတို့ ဒီလိုပဲကြည့်နေကြမှာလား"
စကားသံကြားမှ သတိပြန်ကပ်လာကြသော ဝိဉာဉ်လွင့်နေကြသူများက
   "အယ် ဘုန်းကြီးကျောင်းသား"
  "ဘုန်းကြီးကျောင်းသား လုပ်မနေနဲ့ ခင်ဗျားတို့ မမလေးက မေ့နေပြီ"
လာလီပြောလိုက်မှ ရင်ဘတ်ဖိသူဖိ ဘုရားတသူကတတော့သည်။
    "အမလေး မင်းသမီးလေး ဒုက္ခပါပဲ ဘာဖြစ်သွားတာလဲမသိဘူး သခင်ကြီးသိရင် ခေါင်းပြုတ်တော့မယ်"
   "ဟုတ်ပတော် ဘယ်လိုလုပ်ရမလဲမသိဘူး"
    "ရှင် တခုခုလုပ်လိုက်တာလားဘုန်းကြီးကျောင်းသား"
  "ဘာဗျ ခင်ဗျားတို့မင်းသမီးကိုကျုပ်ကဘာလုပ်ရမှာလဲ နွားသိုးဝှေ့မှာစိုးလို့ ကယ်လိုက်တာသူ့ဟာသူ အကြောက်လွန်ပြီးသတိလစ်တာ ဘယ်လိုဟာတွေလဲမသိဘူးကျေးဇူးမတင် အဝှာလှန်ပြတွေ"
   "ရိုင်းလိုက်တာ ဘုန်းကြီးကျောင်းသားက"
   "ကျုပ်ရိုင်းတယ်ပြောမနေနဲ့ ခင်ဗျားတို့သူ့ကို အိမ်ပြန်မခေါ်တော့ဘူးလားဒီတိုင်းထားမလို့လား"
   "အဲ ဟုတ်သားပဲ"
  "ဟုတ်သားပဲလုပ်မနေနဲ့ ရေတစ်ခွက်အမြန်သွားခပ်ချေ မဟုတ်ရင် ခင်ဗျားတို့မင်းသမီးလေဖြတ်နေမယ် အလကားလူများပြီးပွဲမစည်ဘူး"
လာလီ ပြောလိုက်လို့ ရေပြေးခပ်တဲ့အပျိုမကခပ် ရူဘီ့ဘေးနာမှာ ပတ်ပတ်လည်ဝိုင်းကျန်နေတဲ့အပျိုမတွေဟာလည်း မျက်စောင်းတဝင့်ဝင့် နှုတ်ခမ်းတလှုပ်လှုပ် နဲ့ ကျိန်ဆဲနေသလားတောင်မသိ။

....................
   "ဗွမ်း....."
  "အမလေး"
လာလီ အပျိုမတစ်ယောက်ခပ်လာပေးတဲ့ရေကို ရူဘီ့မျက်နှာအား ခပ်ဆက်ဆက်ကလေးပက်လိုက်ပြီး လက်နဲ့ပွတ်လိုက်ရာ အမလေးဟုထအော်သူက ရူဘီမဟုတ်။အပျိုကြီး မှိုတက် မာဘို့ဆွန်း။
   "ရက်စက်လိုက်တာ ဘုန်းကြီးကျောင်းသားရယ် ကျွန်မတို့သခင်မလေးအသားကနုနုလေးရှင့် ရေကို နုနုရွရွ‌ေလး‌ေလာင်းချိုးပြီး သုတ်တာတောင်ပိုးပဝါနဲ့သုတ်ပြီး ပိုးဖဲအင်္ကျီပဲဝတ်လာတာ အခုတော်က ရေဖလားကြီးနဲ့ပက်တဲ့အပြင် လက်ကြမ်းကြီးနဲ့"
    
စိတ်အချဉ်ပေါက်လာပြီ။လာလီက ရုပ်ချောပေမဲ့သဘောမကောင်း ။

"အဲ့လိုလုပ်မှ သတိရမှာပေါ့ နုရွနေရင် ရမလား အခုတောင်ခင်ဗျားတို့မင်းသမီးကနိုးလို့လား ရေနဲ့ပက်တာပဲ သေးနဲ့ပက်တာကျလို့ တတ်နေရင်လည်း ခင်ဗျားတို့ဘာသာလုပ် ကျုပ်သွားမယ်"

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now