Extra

814 67 9
                                    

ခမ်းနားထည်ဝါသော အိမ်ကြီးထဲရှိ ဧည့်ခန်းထဲတွင် 32လက်မTVကြီးကို ကြည့်ကာ အပန်းဖြေနေသူတို့သည် အများအမြင်မှာတော့ စိတ်အေးချမ်းနေသည်ပေါ့။သို့သော် သူတို့သည် စိတ်ငြိမ်အောင် စိတ်တွေကို TVဆီသာလွှဲထားခြင်း။

"သမီး မီယောင်း...ညည်းမောင်တွေဖို့ အနွေးအင်္ကျီတွေ၊အခြောက်ခြမ်းတွေ သေချာထည့်ပေးလိုက်ရဲ့လား"

ထိုအခါမှ ပန်းသီးကိုအခွံခွာကာ စိတ်လွင့်နေသူက အသိပြန်ဝင်လာသည်။

"ဟုတ် အဖေ။သမီး သေချာထည့်ပေးလိုက်ပါတယ်အဖေ။ဂျင်ဆင်းအရည်ထုတ်တွေရော။ ဆောင်းတွင်း လေ့ကျင့်ရင် ခြေတွေလက်တွေကိုက်မှာဆိုးလို့ ရိုးရာဆေးမြစ်စုံပါထည့်ပေးလိုက်တယ်"

"အင်း...ငါ့သားလေးတွေ အဆင်များပြေပါ့မလား"

"ဪ ဒယ်ဒီရယ်..နေ့လည်ကမှသွားတာပါ။အခုထဲကလွမ်းနေပြီလား"

ဆော့ဂျင်က အေးအေးလူလူသာပြောလိုက်ပေမယ့် သူကိုယ်တိုင်သည်ပင် အနည်းငယ်တော့စိတ်ပူနေပါသည်။ဒါ့အပြင် ဆောင်းတွင်းကြီးမို့ နွေးနွေးထွေးထွေးရှိပါ့မလားဟု တွေးနေသည်။

"ဟ..လွမ်းတာပေါ့ကွ..!မင်း အလှည့်တုံးကလည်း ဒီလိုပဲလွမ်းရတာပဲ။အခုဟာက ဂျီမင်နဲ့ ၂ယောက်ဆိုတော့ မရှိတာပိုသိသာတယ်"

"ဒါပေမယ့် အဖေ့ရဲ့သားတွေအကုန်လုံးက အဖေ့ကိုဂုဏ်ယူအောင်လုပ်ပေးခဲ့တဲ့သူတွေချည်းပါပဲ"

မီယောင်းပြောတော့ ခေါင်းတငြိမ့်ငြိမ့်နှင့် သာ ပန်းသီးစိတ်ကိုစားနေသူကြောင့် မီယောင်းလည်းပြုံးပြီးသာ ပန်းသီးကိုခွဲနေလိုက်တော့သည်။မတ်လေးတို့မရှိတဲ့ စစ်မှူထမ်းကာလ 18လလေးတော့ လွမ်းဆွေးပျင်းရိရဦးမှာပါလား။
••••••••••••
••••••••••••
"တပ်ကြပ်ကြီး..မနေ့က တပ်သားလေးတွေအသစ်ရောက်တယ်ဆို ခေါ်လာခဲ့ပါ"

"ဟုတ်ကဲ့ တပ်မှူး"

ဂျီမင်တို့လည်း လေ့ကျင့် ရေးလုပ်ပြီးခနနားတုံးခေါ်
သည်ဆိုသောကြောင့် သွားဖို့ပြင်တုံး ဂျောင်ကုကအရှေ့ကနေ လက်ကိုတွဲကာ မားမားမတ်မတ်ဦးဆောင်ပြီးသွားသည်။

စက္ကူပန်းလေး(Complete)Donde viven las historias. Descúbrelo ahora