Ep 13

1.6K 179 2
                                    

ဆိုင်ပိတ်တဲ့အချိန်ထိမပြန်သေးတဲ့ဂျောင်ကုကိုကြည့်ပြီး ဂျီမင်သက်ပြင်းချမိသည်။ဇနီးဖြစ်သူဆီပြန်ဖို့ရောအစီစဥ်ရှိရဲ့လားတောင်မသိ။

"ဂျောင်ကု အိမ်မပြန်သေးဘူးလား ယူဂျင်းစောင့်နေလိမ့်မယ်"

"အသေးလေး"

"ငါ့ကြောင့်နဲ့ မင်းတို့အိမ်ထောင်ရေးကိုမပြိုကွဲစေချင်ဘူး ဂျောင်ကု။ငါ့ကြောင့် ငါ့အဖေနဲ့အမေ ကွဲခဲ့ရပြီးပြီ။မင်းတော့ ထပ်ဖြစ်လို့မရဘူးဂျောင်ကု ငါယူဂျင်းကိုပေးထားတဲ့ကတိ တည်ချင်တယ်။လိမ္မာပါတယ် ပြန်တော့နော်"

"ငါသူ့ကိုမချစ်ဘူး။ဒယ်ဒီလက်ထပ်ခိုင်းလို့သာ"

ခြေလှမ်းတို့သည်ရပ်တန့်သွားသယောင်။ပြန်လှည့်ကြည့်တော့ မျက်ဝန်းထဲကအရည်ကြည်တွေ။

"အဲ့တော့ငါကဘာလုပ်ရမှာလဲ"

"အသေးလေး!"

"မင်းကွာရှင်းမှာလား။မင်းအဖေကိုမင်းလွန်ဆန်နိုင်လား"

အာစေးမိထားသူတစ်ယောက်ကဲ့သို့ ဂျောင်ကုဘာမှပြန်မပြောမိ။ဘာစကားမှထွက်မလာ။

"မကွာရှင်းဘူးလား။မကွာရှင်းဘဲနဲ့ ငါ့ဆီခုလိုလာနေအုံးမှာလား။အများမြင်မှာ ငါကစနိုက်ကြော် ငါကတိတ်တိတ်ပုန်းလို့ထင်ခံစေချင်တာလား!"

"ပတ်ဂျီမင်!!!!"

ဓားသွားတောင်သူ့စကားတွေလောက်ထက်မယ်မထင်။ဒီနှလုံးသားကိုအက်စစ်နဲ့သာပက်လိုက်ပါတော့လား။နာလက်စနဲ့တစ်ခါထဲအမြစ်ပြတ်သွားအောင်။

"ငါကွာရှင်းမှာပါ"

စိတ်တိုပေမဲ့ လေသံကိုပြန်လျှော့ရသည်။ချစ်ရသူကိုအမြဲအရှုံးပေးသည်မို့။

"မင်းကိစ္စ!ငါသွားပြီ"

မျက်ဝန်းငယ်နှင့်ပိုင်ရှင်သည် မြင်ကွင်းဝေဝါးကာ မျက်ရည်များကျနေသလို ကျောခိုင်းသွားသော ကျောပြင်ငယ်လေးသည်လဲတုန်ရီနေခဲ့သည်။
ဒါဟာရွေးချယ်မှုမှားခဲ့တဲ့ ငါတို့၂ယောက်ရဲ့ပြစ်ဒဏ်များလား။

×         ×         ×        ×        ×        ×       ×     ×        × 
မနက်အိပ်ယာနိုး ဆိုင်မသွားခင် အိမ်သန့်ရှင်းရေးတွေလုပ်နေသော ပတ်ဂျီမင်တစ်ယောက် လမ်းထိပ်အမှိုက်သွားလွှတ်မပစ်ခဲ့ရင်ကောင်းသားဟုသာတွေးရင်း နောင်တတွေ တစ်သီကြီးရခဲ့သည်။အကြောင်းမှာကတော့ အိမ်ရှေ့မှာ ကားကြီးနှင့်ဘယ်အချိန်ထဲကရှိနေလဲမသိသော ဂျွန်ဂျောင်ကုကြောင့်ပင်။

စက္ကူပန်းလေး(Complete)Where stories live. Discover now