Ep 11

1.6K 180 1
                                    

ရင်းနှီးဖူးတဲ့အသံကြားလို့ ကြည့်လိုက်တော့ အရင်းနှီးဆုံးသူစိမ်းနဲ့လာတွေ့နေတာပါလား။ရီရလိုက်တာ။

"အသေးလေး"

"..အော် ဒီကညီမကcheese cakeနော် ဒီမှာပါ။လာအားပေးလို့ကျေးဇူးတင်ပါတယ်။"

"ဂျီမင်.."

"သွားရအောင်မောင် သွားလိုက်အုံးမယ်နော်"

မောင်တဲ့လား။နာမ်စားလေးတော့ပြောင်းခေါ်ခိုင်းသင့်တယ်မထင်ဘူးလားကူးရယ်။လက်မောင်းကိုဆွဲကာထွက်သွားတဲ့သူမဟာအောင်နိုင်သူတစ်ယောက်လို။အင်းလေ သူမနိုင်ပါတယ်။ကိုယ်ကခုချိန်မှာဘာမှမဆိုင်တော့ဘူးလေ။

ကားနားရောက်တော့တွဲထားတဲ့လက်ကိုအတင်းဖြုတ်ချမိလိုက်သည်။

"မင်းကို မောင်လို့မခေါ်နဲ့လို့ပြောထားတယ်မလား"

"ဘာဖြစ်လို့လဲဂျောင်ကုရယ် ဘာလဲ။သူနဲ့ပြန်တွေ့လိုက်ရတော့ သိပ်ကိုစိတ်လှုပ်ရှားသွားတယ်ပေါ့"

"မင်းနဲ့ငါလမ်းမမှာစကားမများချင်ဘူး။ကားပေါ်တက်လိုက်တော့"

လမ်းသွားလမ်းလာတွေရှိလို့ယူဂျင်းလဲအ​ချေတင်ထပ်မပြောချင်တော့တာကြောင့်ကားပေါ်သာတက်ခဲ့တော့သည်။ကားပေါ်ကလေထုသည် ဝင်ရိုးစွန်းဒေသကိုရောက်နေသလိုကို အေးစက်နေသည်ထင်ရအောင်ပင်ဖြစ်နေတော့သည်။

ထမင်းဝိုင်း၌ဟိုတို့ဒီတို့ဖြင့်သာစားသောဂျောင်ကုကို ဆော့ဂျင်နဲ့မီယောင်းကခနခနကြည့်မိနေသည်။စားပြီးသောအခါတွင်လဲ ညီဖြစ်သူကိုစိတ်ပူ၍သူပဲအရင်ခေါ်ထုတ်လာခဲ့သည်။

"မင်းကိုကြည့်ရတာစိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ"

"Hyung ကျွန်တော်သူ့ကိုပြန်တွေ့ခဲ့တယ်"

"ဟင်းးးးးးးမင်းကအခုချိန်အိမ်ထောင်နဲ့နော်ငယ်လေး"

"ကျွန်တော်သိပါတယ်ကျွန်တော့်ကိုစိတ်နာနေသလိုပဲ"

"မင်းတို့၂ယောက်လုံးရဲ့ခံစားချက်ကိုငါနားလည်ပါတယ်ဂျောင်ကု အမှန်ကိုမကြာခင်မြင်နိုင်မယ်လို့ထင်ပါတယ်"

ဂျောင်ကုလဲသက်ပြင်းသာချကာဘာမှမပြောဘဲနေလိုက်တော့သည်။
× × × × × ×
"အမမီယောင်း မပင်ပန်းဘူးလား"

စက္ကူပန်းလေး(Complete)Where stories live. Discover now