Ep 2

2K 234 12
                                    

ဂျီမင် ဂျောင်ကုနဲ့ပေါင်းနေတုံးကာလမှာသိလိုက်ရတာက ဂျောင်ကုကအပေါင်းသင်းနည်းပြီး အရမ်းအသန့်ကြိုက်တတ်တယ်ဆိုတာပဲ။ဂျီမင်တို့လိုလဲ အပျော်အပါးသိပ်မကြိုက်။သူ့ဘာသာတစ်ယောက်ထဲသီးသီးသန့်သန့်နေတတ်သည်။အစအနောက်သန်တဲ့ဂျယ်ဟွန်းနဲ့ နည်းနည်းလေးမှမတည့်။အနေအထိုင် ဗရုတ်ကျလွန်းတဲ့ မင်၀ူးနဲ့လဲ တစ်စက်မှမတည့်။စကားများလွန်းသောဂျီမင်နဲ့လဲတစ်ခါခါ ထသတ်ကြ။သို့ပေမဲ့ သုံးယောက်လုံးက ဂျောင်ကုကိုပဲပြန်အလျော့ပေးတတ်ကြသည်သာများ၏။

နေ့လည်စာ ထမင်းစားချိန် ဂျောင်ကုတစ်ယောက်ပျောက်နေတာကြောင့် ဂျီမင် တစ်ယောက်လိုက်ရှာနေသည်။

တွေ့ပါပြီ။ကိုယ်တော်ချောက ကျောင်း၀န်းထဲက သစ်ပင်အောက်ကခုံတန်းမှာထိုင်နေတယ်။အပေါ်ကိုမော့ကြည့်နေလို့ ဘာကိုဒီလောက်ကြည့်နေတာလဲလို့တောင် စပ်စုမိသေး။စက္ကူပန်းကဘာများထူးဆန်းနေလို့လဲ။

''ကူး''

အသံကြားလို့လှည့်ကြည့်တဲ့ ပုံလေးကအသဲယားချင်စရာလေး။အသဲယားတယ်ပြောလိုက်ရင် မာန်တက်သွားမှာ။မယားသေးဘူး။ယားချင်နေတုံး။

''ကူး  နေ့လည်စာမစားဘဲဒီမှာဘာလုပ်နေတာလဲ''

''ငါမဆာလို့''

''ဟွန်းးး မင်းကလဲ မဆာလဲစားပေါ့လို့ နေမ​ကောင်းဖြစ်အုံးမယ် ရော့မင်းကြိုက်တဲ့ banana milk''

''မင်းသာဂရုစိုက်ပါ လူကြည့်တော့သေးသေးကွေးကွေး လေတိုက်ရင်လွင့်နေမယ်''

''ဟာ ကူးကလဲ ငါမသေးပါဘူးဆို ဒီမှာကြည့် ငါ့မှာကြက်ဥတွေရှိတယ်''

လက်မောင်းကမရှိမဲ့ရှိမဲ့ဗလတွေကို ပြနေတော့ ဂျောင်ကုတစ်ယောက်ရီချင်လာသည်။ထို့နောက်ဂျောင်ကုလဲဘာမှမပြောဘဲစက္ကူပန်းလေးတွေသာမော့ကြည့် နေတာကြောင့် ဂျီမင်လဲငြိမ်နေလိုက်သည်။

''ဒီနေ့ကငါ့အမေဆုံးတာ ၃နှစ်ပြည့်လေ အသေးလေး''

ရုတ်တရက်ပြောလာသောစကားကြောင့် ဂျီမင်လဲငြိမ်ပြီးဆက်နားထောင်နေလိုက်သည်။

''ငါ့အမေက စက္ကူပန်းလေးတွေကိုသိပ်သဘောကျတာ။မေမေရှိတုန်းကဆို ခြံထဲမှာ စက္ကူပန်းပင်တွေ ရောင်စုံစိုက်ထားတာ လှလဲလှတယ်။ငါလဲအရမ်းကြိုက်တယ်။ငယ်ငယ်ထဲက တခြားသူတွေကစားနေတဲ့အချိန်ဆို ငါကစာနဲ့ပန်းပင်ရေလောင်းတာပဲစိတ်၀င်စားခဲ့တာ။အခုတော့စီးကရက်လေး တစ်ဖွာနှစ်ဖွာ ဖွာတတ်လာတာလေးပါလာပြီပေါ့''

စက္ကူပန်းလေး(Complete)Where stories live. Discover now