Ep 10

1.5K 176 5
                                    

2နှစ် သူထွက်သွားတာ2နှစ်ရှိပြီ။ကျွန်တော့်ရင်ခွင်ထဲကပြောပါတယ်။ဖူးစာပါလာရင် ကမ္ဘာကြီးကကျဥ်းလွန်းလားဟုမေးရလောက်အောင် တိုက်ဆိုင်ကြသော်လည်း သူနဲ့ကျွန်တော်သည် ဒီ၂နှစ်အတွင်း ယောင်လို့တောင်ပြန်မဆုံခဲ့ကြပါ။ဖူးစာမပါလို့ဘဲထင်ပါရဲ့ အဟက်။

ကျောင်းတွေလဲပြီးလို့ဘွဲ့ရသူဖြစ်လာတဲ့အမျှ ကျွန်တော်အတော်လေးရင့်ကျက်လာပြီလေ။အရင်ကလို clubတက်တာ barသွားတာတွေလဲမလုပ်တတ်တော့ဘူး။ကော်ဖီဆိုင်လေးဖွင့်ထားပြီး အေးအေးလူလူပဲနေချင်တော့တာကိုယ့်ဆန္ဒပါ။

ဂျယ်ဟွန်းကတော့ အစထဲကသူ့အဖေကုမ္ပဏီကိုဆက်ခံရမည်သူဆိုတော့ အခုချိန်အောင်မြင်တဲ့စီးပွားရေးရှင်တောင်ဖြစ်နေပြီ။မင်ဝူးကတော့ အိမ်ထောင်တွေဘာတွေတောင်ကျနေပြီ။အရာအားလုံးကသူ့နေရာနဲ့သူအံဝင်နေတာပဲ။အံမဝင်တာကကျွန်တော်။သူ့ကိုမလွမ်းဘူးလားလို့သူငယ်ချင်း၂ယောက်မေးတဲ့အခါ မလွမ်းဘူးပြောရင် လိမ်ရာကျမှာပေါ့။လွမ်းနေပါတယ်ကူး။လွမ်းလွန်းလို့ ဆိုင်မှာတောင်မင်းများ ဒီဆိုင်လေးမှာကော်ဖီလာသောက်မလားဆိုတဲ့မိုက်မိုက်ကမ်းကမ်းအတွေးလေးနဲ့ စက္ကူပန်းလေးတွေတောင်စိုက်ထားမိပါရဲ့။မင်းပြောဖူးတယ်လေစက္ကူပန်းတွေကလွယ်လွယ်နဲ့မသေဘူးဆို။မသေတာပဲရှိတာမကြွေဘူးလို့ပြောနိုင်သလား။မင်းကြိုက်တဲ့ပန်းဟာလွယ်လွယ်နဲ့ကြွေလွယ်တတ်မှန်းမင်းလဲမသိခဲ့ဘူးကိုး။

အရင်ကဆေးလိပ်သောက်ရင် မုန်းမယ် မခေါ်တော့ဘူးလို့ ခနခနခြိမ်းခြောက်ဖူးတဲ့ငါကလေ အခုတော့ စီးကရက်လေးဖွာလိုက် မင်းကိုလွမ်းလိုက်နဲ့ ဘဝမှာယူတတ်ရင် ပညာတွေကြီးပါပဲကူးရယ်။မုန်းလားဆို မမုန်းပါဘူး။စိတ်နာလားဆိုလဲ မနာမိပြန်ဘူး။အဲ့လိုဆိုချစ်သေးလားလို့မေးရင်လဲ မချစ်တော့ဘူး။။ပင်ပန်းပေမဲ့ လိမ်ရတာကိုငါကြိုက်တယ်။wiskyတွေ ခါးတယ်ဆိုတာ တစ်ယောက်ထဲအထီးကျန်စွာသောက်နေရတဲ့ Black coffeeတစ်ခွက်ကိုတောင် မှီမယ်မထင်ဘူး။

"ဂျီမင် ဘာတွေတွေးနေတာလဲ ။ဒီနေ့လူပါးတယ်နော်။"

"မင်ဝူး မင်းမိန်းမနားလဲကပ်ပါအုံး။အားတိုင်းငါ့ဆိုင်ပဲလာနေတာ ယူထားတာမင်းမိန်းမလား။ငါလား"

စက္ကူပန်းလေး(Complete)Where stories live. Discover now