ကားပေါ်ရောက်တော့ လေထုကအရမ်းအေးစက်နေလို့ အငယ်ဖြစ်တဲ့သူကပဲစကားစလိုက်သည်။
"အန်ကယ်လ်.."
"မင်းဘယ်တွေရောက်နေတာလဲ ဂျီမင်"
"ဟို..ဟို.."
"ကတိတည်ချင်လို့လို့ပြောအုံးမလို့လား။ငါထွက်သွားခိုင်းခဲ့လို့လား။ဂျောင်ကုနေ့စဥ်ရက်ဆက် အရူးတစ်ယောက်လိုပဲ"
"တားရောတားခဲ့လို့လားအန်ကယ်လ်။ကျွန်တော်လဲရူးမတတ်ပါဘဲ။ဘာကြောင့်လဲ!!ကျွန်တော်လဲပျော်ရွှင်ဖို့ထိုက်တန်ပါတယ်။ကျွန်တော်လဲ လူထဲကလူပါပဲ။ဘာလို့ကျွန်တော်ပဲပေးဆပ်နေရတာလဲ။လွန်ခဲ့တဲ့၂နှစ်ကရော အခုထိရောပေးဆပ်နေသူက ဘာလို့ကျွန်တော်ပဲလဲ"
"အိမ်လိုက်ခဲ့..အိမ်လိုက်ပြီးဂျောင်ကုကိုတွေ့သွား ဒါငါ့အမိန့်ပဲ။ငြင်းရဲငြင်းကြည့်လိုက် ပတ်ဂျီမင်"
ဂျီမင်လဲဆက်မငြင်းချင်တာကြောင့်တစ်ကြောင်း တကယ်လဲလွမ်းနေခဲ့တာကြောင့်တစ်ကြောင်း ငြိမ်နေလိုက်မိသည်။ခနလောက်ဖြစ်ဖြစ်တွေ့ချင်မိသား။
× × × × × ×
ဒီအိမ်ကြီးနဲ့နောက်တစ်ခါဘယ်တော့မှ ရေစက်မဆုံရတော့ဘူးလို့ထင်မှတ်ထားခဲ့တာ။အခုတော့လဲ ဒုတိယအကြိမ်ပါပဲလား။ခြံထဲဝင်တော့ အရင်လိုစက္ကူပန်းအိုးတွေလဲမတွေ့သလို စက္ကူပန်းအရိပ်ယောင် ဘာတစ်ခုမှမတွေ့ရတော့ဘူး။ဘာလို့လဲ....ငါ့ကြောင့်သာဆို ငါမောင့်အမေကိုမျက်နှာပြရဲမှာမဟုတော့ဘူးကူးရယ်။"ဂျီမင် ဆင်း"
"ဟုတ်..ဟုတ်အန်ကယ်လ်"
"အဖေ ဒီနေ့ပြန်လာတာစော...ဟယ်..ဂျီမင်"
မီယောင်းကသူ့ကိုမြင်သည်နှင့် ချက်ချင်းပြေးဖက်လာတာကြောင့် ပြုံးမိသည်။
"ဂျီမင်ရယ်နေနိုင်လိုက်တာဟာ..မထွက်သွားနဲ့တော့နော်"
"တောင်းပန်ပါတယ်အမ မီယောင်း"
"မထွက်သွားရတော့ပါဘူး။ကဲ..ဂျီမင် ဂျောင်ကုအခန်းထဲမှာ သွားတွေ့လိုက်အုံး"
"ဟုတ်ကဲ့ အန်ကယ်လ်"
ဂျီမင်လဲ ဂျောင်ကုအခန်းထဲသာဝင်လိုက်တော့သည်။ဒီအခန်းကိုခနခနလာဖူးပါသည်။ပထမဆုံးရောက်တဲ့အချိန်ကတောင် ယခုလောက်မအေးစက်ဘူး။
YOU ARE READING
စက္ကူပန်းလေး(Complete)
Romanceမင်း သိပ်မြတ်နိုးပါတယ်ဆိုတဲ့စက္ကူပန်းလေးတွေကိုငါစိုက်ထားသလို မင်းသိပ်ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ဆေးလိပ်လေးတွေလဲသောက်တတ်နေပြီလေ။