Ep 15

1.6K 187 9
                                    

"အဒေါ်ကြီးသံပုရာရည်တစ်ခွက်လောက်ဖျော်ပေးပါ။ကျွန်တော်ခေါင်းကိုက်နေလို့"

"ဟုတ်..ဟုတ်..ဟို.."

"ဘာဖြစ်နေတာလဲအဒေါ်ကြီး"

လူကအလုပ်ကပြန်လာထဲက ခေါင်းကမတရားအုံနေလို့ အိမ်တံခါးအဝမှာတင် လာကြိုသောအဒေါ်ကြီးအား သံပုရာရည်ဖျော်ပေးရန်သာအရင်ပြောမိသည်။ဒါကို ဘာလို့စကားထစ်ကာ ကြောက်နေရတာလဲ။

"အဒေါ်ကြီး ကျွန်တော်မေး...ဒါဘာသံတွေလဲဟ ငါ့အခန်းထဲကမလား"

"ဟို..ဟို သူ​ေဋ္ဌးကြီး..အကိုလေးဂျီမင်တို့.."

မေးနေရင် ဒီနေ့ခရီးရောက်တော့မှာမဟုတာကြောင့် အခန်းတံခါးဖွင့်တော့ ကိုက်နေတဲ့ခေါင်း သွေးပါဆောင့်တက်ချင်သွားသည်။Shakriaရဲ့Waka Wakaသီချင်းကိုအကျယ်ကြီးဖွင့်ပြီးကနေလိုက်ကြတာ သူလာတာတောင်မသိပါ။မီယောင်းကအစစ်ပါလိုက်သေး။ဂျောင်ကုကိုကြည့်တော့လဲ Wheel chairပေါ်မှာပြုံးပြုံးကြီးထိုင်ကြည့်နေသည်။

"တော်ကြစမ်း!!!!အမယ်လေးးငါ့ခေါင်း"

သီချင်းလဲပြီးရော အချိန်ကိုက်အော်လိုက်တော့ ၃ယောက်လုံးလန့်ဖြန့်ကုန်သည်။

"အဖေ..အဖေဘယ်တုံးကပြန်ရောက်"

"မီယောင်း...အငယ်တွေသောင်းကျန်းရင်အကြီးဖြစ်တဲ့နင်က ထိန်းရမှာလေ။အခုနင်ကပါ.."

"တောင်းပန်ပါတယ် အဖေ..သမီးလဲဒီလိုပေါ့ပေါ့ပါးပါးမနေရတာကြာလို့ပါ"

"ဂျွန်ဂျောင်ကု..မင်းအခန်းမှာ TVမရှိဘူးလား။ငါ့အခန်းထဲထိ အခုလိုလာလုပ်နေတာ မင်းငါ့ကိုမလေးစားတာလား!"

"Sound boxက ဒယ်ဒီ့အခန်းထဲမှာပဲရှိတာကိုး။ပြီးတော့ဒယ်ဒီလဲမသုံးဘဲ အခုလိုသိမ်းထားရင်ပျက်သွားမှာဆိုးလို့ စေတနာနဲ့.."

"တိတ်စမ်း!!ဒါမင်းတို့ရဲ့အကြံစည်မဖြစ်နိုင်ဘူး။တစ်ယောက်ယောက်ရဲ့စနက်ပဲဖြစ်ရမယ်"

ဂျီမင့်ကိုကြည့်ပြီးပြောလိုက်တော့ ဂျီမင်မှပျာပျာသလဲငြင်းကာ ​လက်ဝါးတစ်ခါခါနှင့်။

"ကျွန်တော်မဟုဘူးအန်ကယ်လ်..ကူးက အန်ကယ့်အခန်းထဲမှာ ဖုန်တက်နေတဲ့sound boxရှိတယ်ဆိုပြီးခေါ်လို့"

စက္ကူပန်းလေး(Complete)Dove le storie prendono vita. Scoprilo ora