Ep6

1.5K 191 7
                                    


"ခွပ်"

"ဒယ်ဒီ.."

"မင်းဝင်မပါနဲ့အငယ်ကောင်။ကလေးက ကလေးလိုနေ...ဒီမှာဆော့ဂျင် မင်းငယ်ငယ်ထဲကအလှအပကြိုက်တာငါသိတယ်။ဒါမဲ့ အခုလိုယောကျာ်းတစ်ယောက်နဲ့တွဲနေရတောင်ထိ ခြောက်သွားလိမ့်မယ်လို့..."

"ဒယ်ဒီ!!!!!!"

ဆော့ဂျင်တစ်ခါမှ ဒီလောက်လေသံဖြင့်မအော်ခဲ့ဖူးပါ။စိတ်ဆိုးရင်တောင် ဒေါသကိုမြိုသိပ်အံကြိတ်ကာသည်းခံခဲ့ပါသည်။

"အလှအပကြိုက်သွားတာနဲ့ခြောက်သွားရောလားဒယ်ဒီ။
ယောကျာ်းချင်းကြိုက်သွားတာနဲ့ အခြောက်ဖြစ်သွားလား။ဒယ်ဒီ ကိုယ်ချင်းမစာမနာမပြောပါနဲ့။ချစ်လို့ဖြစ်လာတဲ့ အဖြစ်တစ်ခုကို အပြစ်လို့မြင်နေတာလား။အဲ့တာဆို ကျွန်တော်တစ်ခုမေးလိုက်ချင်တယ်။ကျွန်တော်ကရော ဘာလို့မိန်းမအဖြစ်မမွေးလာရတာလဲ!!ယောကျာ်းမှာလဲ ခံစားတတ်တဲ့နှလုံးသားနဲ့ပါ"

"မင်းးတော်တော့!!! ငါသေတာမမြင်ချင်ရင် အဆက်သွယ်ဖြတ်။ပိုက်ဆံမရှိတဲ့အကောင်ယူပြီး ငါ့သားတစ်ယောက်လုံးဆင်းရဲတွင်းထဲခုန်ချမယ့်အဖြစ်မျိုး ငါမကြည့်နိုင်ဘူး။ဒီနေ့ကစပြီး အပြင်လုံးဝထွက်စရာမလိုဘူး။ကားသော့လဲသိမ်းတယ်။ငါ့သူငယ်ချင်းသမီး မီယောင်းနဲ့ပဲသဘောတူတယ်။ဒါပဲ!။ဂျောင်ကု ခေါ်သွားတော့ မင်းအကိုကို"

"မရဘူး!ငါ့ကိုမထိနဲ့နော် ဂျောင်ကု လွှတ်စမ်း လွှတ်!"

"ဟက် ဒယ်ဒီလဲGayတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲ။ဘာလို့ကိုယ်ချင်းမစာနိုင်ရတာလဲ!!!"

ဆော့ဂျင်စကားကြောင့်ဂျောင်ကုအံ့သြသွားသည်။ဒယ်ဒီလိုယောကျာ်းအရင့်အမာကြီးကGayတဲ့လား။အဲ့တာကြောင့်အမေဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေခဲ့တာလား။

"မင်းပါးစပ်ကိုပိတ်ထား ဆော့ဂျင်!ယောကျာ်းချင်းချစ်တာ ဘယ်အရာမှမကောင်းဘူးဆိုတာမင်းသိလား။လူ့အသိုင်းဝိုင်းထဲမှာဘယ်လောက်ထိ မျက်နှာငယ်ရှုံ့ချခံရလဲမင်းသိလား။ငါလဲမင်းတို့အရွယ်တုန်းက မင်းအဘိုးကိုအခုလို ကလန်ကဆန်ပြန်ပြောခဲ့တာပဲ။နောက်ဆုံးဘာရခဲ့လဲ။မင်းလိုယောကျာ်းနဲ့တွဲနေရတာ ရှက်တယ်ဆိုပြီး လမ်းခွဲခံရတဲ့အပြင် လမ်းခွဲပြီးတာတောင် ငါဟာအခြောက်ပါဆိုတဲ့ လူတွေရဲ့ပြောဆိုမှုကြောင့်ငါဘယ်အလုပ်မှ ရှာမရခဲ့ဘူး။မင်းတို့အမေနဲ့သာမတွေ့ခဲ့ရင် မင်းတို့ဒီလိုအခြေနေမျိုးတောင်ရောက်လာမှာမဟုဘူးဆိုတာနားလည်ထား!အရှက်နဲ့လူလုပ်စမ်းပါ အရှက်နဲ့ပဲလူလုပ်ကြစမ်းပါ။အချစ်နဲ့လူလုပ်ရင် နောင်တတွေပဲရလိမ့်မယ်။ဂျောင်ကု!!!! ခေါ်သွားပါတော့။ငါတောင်းပန်ပါတယ်။ခေါ်သွားလိုက်ပါတော့"

စက္ကူပန်းလေး(Complete)Where stories live. Discover now