အိပ်မက်တစ်ခုသာထင်နေတဲ့ဂျီမင့်အဖို့ ဘေးနားကအိပ်နေတဲ့ချစ်ရသူကိုအကြာကြီးကြည့်ပြီး ပြုံးနေမိသည်။
"ဟီးး အရမ်းချစ်တယ်ယုန်လေးရယ်"
"နိုးနေရင်လဲထတော့လေကွာ"
အသံကြားလို့လန့်ဖြန့်သွားတဲ့ မျက်နှာလေးကချစ်စရာလေးကွာ။
"ဟို..ထပြီထပြီ"
"နေပါအုံး"
ထဖို့ပြင်နေတုံးဆွဲဖက်လိုက်တာကြောင့်ရင်ခွင်ထဲပြန်ရောက်သွားသည်။
"မေ..မောင်"
"ဟမ်!!"
အသေးလေးရုတ်တရက်ခေါ်လိုက်တဲ့နာမ်စားကြောင့် ကိုယ်ပါကြောင်သွားသည်။
"အ..အသေးလေး!"
"ဂါးးးးး မောင်လို့ခေါ်လိုက်တာလေ အဲ့လောက်ထူးဆန်းသွားလို့လား ဘေးဖယ်တော့ ထမို့"
မောင်တဲ့ နားထောင်လို့ကောင်းလောက်အောင်ကို နားဝင်တော့ချိုပါရဲ့။ဒါပေမဲ့အသေးလေးရယ်.....ငါ...ငါတောင်းပန်ပါတယ်။
ရေမိုးချိုးပြီးအိမ်ပြန်ဖို့လုပ်နေတော့ အကောင်ပေါက်လေးနဲ့ဟို၂ယောက်ကထမင်းတောင်စားဖို့လုပ်နေကြပြီ။သူ့ကိုမြင်သည်နှင့် မင်ဝူးကစားလက်စပါသီးသွားတော့သည်။
"ရားးး ချွဲမင်ဝူးး!!!ညစ်ပတ်လိုက်တာကွာ"
"မင်း...မင်းကိုညကပြန်သွားပြီထင်နေတာ"
"ဟျောင့်တွေ မင်းတို့ ညက ဟိုဒင်းဟိုဟာ"
"ဂျယ်ဟွန်း!!!!!"
ဂျီမင့်အော်သံကြောင့် ၂ယောက်လုံးငြိမ်ကျသွားသည်။
"ငါတို့ကညကဘာမှမဖြစ်ခဲ့ဘူးထပ်မေးရင်ငါ့အဆိုးမဆိုနဲ့တော့"
ဂျီမင်ကတော့စိတ်ဆိုးသလိုပြောပေမဲ့ဂျောင်ကုကပြုံးတုံးတုံးနဲ့ဟို၂ယောက်ကိုမျက်စိမှိတ်ပြတာကြောင့် မင်ဝူးတို့မျက်နှာပိုးမသေသေးပါ။
"မောင်..ပြန်တော့မယ်နော်"
"ဟဲ့ ပလုတ်တုပ် မောင်တဲ့!"
ခရမ်းချဥ်သီးတစ်ခုလိုရဲတက်လာသောအသေးလေးကို သူငယ်ချင်း၂ယောက်ကဝိုင်းစနေတဲ့ပျော်ရွှင်စရာမြင်ကွင်းလေးကို နောက်ထပ်တွေ့ရပါတော့မလား။
YOU ARE READING
စက္ကူပန်းလေး(Complete)
רומנטיקהမင်း သိပ်မြတ်နိုးပါတယ်ဆိုတဲ့စက္ကူပန်းလေးတွေကိုငါစိုက်ထားသလို မင်းသိပ်ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ဆေးလိပ်လေးတွေလဲသောက်တတ်နေပြီလေ။