ဂျီမင့်ကိုအိမ်ထိပြန်လိုက်ပို့ပြီး အခန်းထိပို့ပေးလိုက်သည်။
"ဆေးလေးသောက်ပြီးမှအိပ်လိုက်နော်။နွေးနွေးထွေးထွေးနေ ငါသွားတော့မယ်"
"ဒီနေ့ ဒီမှာအိပ်လို့မရဘူးလား ကူး"
"မရဘူး ဒယ်ဒီကအပြင်မှာအိပ်တာမကြိုက်ဘူး ငါပြန်မှဖြစ်မယ် မဆိုးစမ်းနဲ့အသေးလေး ငါပြန်ပြီ။တစ်ခုခုဆို မင်ဝူးတို့ ဂျယ်ဟွန်းတို့ကို ခေါ်ခိုင်းကြားလား"
အနောက်ကိုတစ်ချက်မှလှည့်မကြည့်ဘဲထွက်သွားသော ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး မြင်ကွင်းတွေဝေဝါးလာပြန်ပြီ။မကြာလိုက်ပါဘူး။ကျလာလိုက်တဲ့မျက်ရည်တွေ။
ရက်စက်တယ်ကူး။ငါ့စကားတစ်ခါလေးပဲ တစ်ခါလောက်ပဲနားထောင်လိုက်ရင်ဘာဖြစ်မှာမို့လို့လဲ။× × × × × × ×
"ဘာ ဘာဖြစ်တယ်ဂျယ်ဟွန်း ဒါနောက်စရာမဟုဘူးနော်""တောက်ခ် ကွာ!!! အသေးလေးကတော့!"
ဖုန်းကိုဒေါသတကြီးချကာ ကားသော့တောင်မယူနိုင်ဘဲထွက်လာခဲ့သည်။ကိုယ့်မှာတော့ကျောင်းတောင်မလာနိုင်လို့ နေများမကောင်းလို့လားဆိုပြီး စိတ်တောင်ပူနေတာ။ဒင်းကတော့ ဒင်းကတော့ အရက်တောင်သောက်နေတယ်ဆိုပဲ။
ဟန်မြစ်ဘေးက ဆိုဂျူဆိုင်ရဲ့ထောင့်တစ်နေရာကဝိုင်းမှာထိုင်သောက်နေတဲ့အသေးလေး။ဘေးက၂ကောင်ကလဲထိန်းမယ်မရှိဘူး။
"ဂျောင်ကု လာပြီလား"
"အင်း ဘယ်လိုဖြစ်ရတာတုံးကွာ"
"မသိဘူး မနက်ထဲကမျက်နှာမလန်းလို့နေမကောင်းဘူးပဲထင်နေတာ။စိတ်ညစ်စရာတွေတစ်ခုခုရှိပုံရတယ်။မင်းတို့၂ယောက်ရန်ဖြစ်ထားကြတာလား"
"မဖြစ်ပါဘူးမင်ဝူးရယ်။မင်းတို့ပြန်ရင်ပြန်လေ ငါစောင့်ပေးလိုက်မယ်"
"ရပါတယ်...အ"
ဂျယ်ဟွန်းကိုမင်ဝူးမှဆွဲဆိတ်လိုက်ခြင်းဖြစ်သည်။ဟိုကရှောင်ခိုင်းနေတာကို မသိဘူးလားမသိဘူး။
"ငါ၂ယောက်ထဲပြောစရာရှိလို့ပါ"
"အေးအေးသွားမယ်ဂျယ်ဟွန်း ထ"
YOU ARE READING
စက္ကူပန်းလေး(Complete)
Romanceမင်း သိပ်မြတ်နိုးပါတယ်ဆိုတဲ့စက္ကူပန်းလေးတွေကိုငါစိုက်ထားသလို မင်းသိပ်ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ဆေးလိပ်လေးတွေလဲသောက်တတ်နေပြီလေ။