ဂျောင်ကုတို့အိမ်မှာတော့ တိတ်ဆိတ်စွာမနက်စာစားနေကြသည်။"ဒယ်ဒီတို့က ဒီကိုအပြီးပြောင်းလာတာလား"
"အင်းဟုတယ်။ဒယ်ဒီလဲအသက်ကြီးပြီဆိုတော့ ကိုယ့်မြေကိုယ်ရေမှာပဲပြန်အခြေချချင်တော့တယ်"
"ကောင်းပါတယ်အဲ့တာလဲ"
"သမီး ညည်းယောကျာ်းရော"
"အကိုက မဆာဘူးလို့ပြောပါတယ် အဖေ"
"ဟင်းးးးး အင်းအင်း"
အဖေဖြစ်သူသက်ပြင်းချကာ ဆက်စားဖို့ပြင်နေတုံး အောက်ထပ်သို့ဝတ်စုံအပြည့်နှင့်ဆင်းလာသော အကိုဖြစ်သူကြောင့် ဂျောင်ကုလဲမေးမိတော့သည်။
"Hyung ဘယ်သွားမို့လဲ"
"ငါဒီကိုပြန်ရောက်တိုင်း သွားစရာဘယ်နေရာထပ်ရှိသေးလို့လဲ"
"Hyung..."
"မသွားရဘူး!!"
"ဟက်ခ်"
အဖေဖြစ်သူရဲ့တားမြစ်သံကိုကြားတော့ ရီသံတစ်ချက်ထွက်လာခဲ့သည်။
"ဒယ်ဒီ မသွားခိုင်းလဲသွားမှာပါ။ကျွန်တော် အရင်လိုပျော့ညံ့နေမှာမဟုတော့ဘူး"
"ဂျွန်ဆော့ဂျင်!!!!!"
"ကင်ဆော့ဂျင်!!!!..ကင်ဆော့ဂျင်လို့ခေါ်ဖို့ပြောထားတယ်မလားဒယ်ဒီ ကင်ဆော့ဂျင်လို့ပဲခံယူထားပါတယ်"
"မင်းးးးးအခုထိ!"
"...အကိုရယ် သွားချင်တယ်ဆိုလဲမနက်စာတော့စားပြီးမှသွားပါ။အဖေကလဲ ဒီကိုပြန်ရောက်တုံး တွေ့ချင်ရှာမှာပေါ့"
"မရီးး!!သမီး!"
"မင်း မီယောင်းကိုအားနာဖို့သင့်တယ် ဆော့ဂျင်"
ဂျောင်ကုအဖေလဲ ပြောပြီးပြီးချင်း အပေါ်ထပ်သို့တက်သွားသည်။မသွားခင်ပြောသွားသောစကားက
"ဂျောင်ကု မင်းလိုက်သွားလိုက်"
တဲ့။ဆော့ဂျင်လဲ မီယောင်းကိုအားနာပေမဲ့ ဒီအခြေနေကိုဖြစ်အောင်တော့တမင်လုပ်ခဲ့တာမဟုပါဘူး။
ဂျောင်ကုလဲ အကိုဖြစ်သူကို လိုက်ပို့ရမည်ဖြစ်တာကြောင့် ဒီနေ့ကျောင်းတစ်ရက်ပျက်ရတော့မည်ဖြစ်သောကြောင့်
သူ့ရဲ့မူပိုင်ရှင် အသေးလေးဆီစာပို့တော့သည်။
YOU ARE READING
စက္ကူပန်းလေး(Complete)
Romanceမင်း သိပ်မြတ်နိုးပါတယ်ဆိုတဲ့စက္ကူပန်းလေးတွေကိုငါစိုက်ထားသလို မင်းသိပ်ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ဆေးလိပ်လေးတွေလဲသောက်တတ်နေပြီလေ။