Ep 7

1.5K 191 0
                                    

တံခါးBell တီးသံကြားလို့ဂျီမင်ဖွင့်ကြည့်လိုက်တော့ ဂျောင်ကု။

"ကူးးဒီချိန်ကြီး ဘာဖြစ်လာတာလဲ...အင့်..မျက်နှာလဲမကောင်းဘူး"

ဂျီမင့်ကိုလှမ်းဖက်လိုက်ပေမဲ့ဂျီမင်ကတော့စကားအ​ပြောမပျက်။အနည်းငယ်ကြောင်သွားသည်ကလွဲလို့ပေါ့။

"ခနလေးပါအသေးလေးရယ်ဒီတိုင်းခနလေးပဲ"

"တို့ရွှေမင်သားလေးစိတ်အရမ်းညစ်လာတယ်နဲ့တူတယ်"

ဂျီမင်လဲထိုမျှသာပြောပြီးဂျောင်ကုခေါင်းလေးကိုပွတ်ပေးလိုက်တော့ ခါးကိုဖက်ထားတာပို၍တင်းကြပ်လာသောလက်များ။

ဂျီမင်လဲဂျောင်ကုအတွက်ကော်ဖီ​ဖျော်နေတုံး ဝရန်တာမှာဆေးလိပ်သောက်နေသောဂျောင်ကု။

"ဟိုကောင်တွေရော အသေးလေး"

"သူတို့အပြင်သွားတယ်။ငါခေါင်းကိုက်နေလို့မလိုက်သွားတာ။ခနနေပြန်လာလိမ့်မယ်"

"အော်..."

"ကူးး၃လိပ်ရှိနေပြီနော်ဒီတစ်လိပ်ကုန်ရင်တော်တော့"

အမိန့်ဆန်တဲ့စကားတွေကိုငါဘာလို့မငြင်းနိုင်ရတာလဲ ငါ့ကိုယ်ငါတောင်မသိတော့ဘူးအသေးလေး။တစ်ခါလောက်တော့ငြင်းနိုင်မလားလို့ငြင်းကြည့်မယ်။

"ငါစိတ်ညစ်ရင်အများကြီးသောက်တတ်တယ်။မတားပါနဲ့"

"ကူးးစိတ်ညစ်တိုင်းဒီနည်းနဲ့ရှင်းရင် မကြာဘူးမင်းဒုက္ခရောက်လိမ့်မယ်။ရတယ်မင်းခန္ဓာကိုယ်မင်းစိတ်ကြိုက် လုပ်ချင်သလိုလုပ် မပြောတော့ဘူး။"

သေချာသွားပါပြီ။သူမငြင်းနိုင်ခဲ့ဘူး။အသေးလေး​စိတ်ဆိုးမှာဆိုးနေတဲ့သူ့အဖြစ်ကိုသူကလွဲပြီးရှေ့ကအသေးလေးကတော့သိမယ်မထင်။
×        ×         ×        ×        ×       ×      ×         ×
နာရီဝက်လောက်နေတော့ဂျောင်ကုလဲပြန်ဖို့ပြင်တော့သည်။ဖြစ်နိုင်ရင်မပြန်ချင်ပါ။ဒါမဲ့လဲ
ဧည့်သည်ဆိုတာအချိန်တန်ရင်ပြန်ရမည်မလား။

"ကူး ပြန်တော့မှာလား။ငါအောက်ထိလိုက်ပို့ပေးမယ်"

"အင်း"

မငြင်းမိပြန်ဘူးအသေးလေး။မင်းနဲ့စက္ကန့်တိုင်းတူတူရှိချင်နေသလိုပဲ။ချစ်မိနေပြီလား။

စက္ကူပန်းလေး(Complete)Donde viven las historias. Descúbrelo ahora