Ep 3

1.7K 218 11
                                    

တစ်ဆစ်ဆစ်ကိုက်ခဲနေသောခေါင်းနှင့် အတူနိုးလာသောမနက်ခင်း။ မင်ဝူးတို့ နဲ့တူတူပြန်လာတာပဲဟုသာ တွေးပြီး ကုတင်ပေါ်မှာထိုင်နေတုံး။

"အားးးးးးးး!!!!"

မင်ဝူးနဲ့ဂျယ်ဟွန်းတို့ရဲ့အော်သံကြောင့် ဂျီမင်အသဲအသန်ထကြည့်မိသည်။တစ်အိမ်လုံးသန့်ရှင်းပြီး ရှင်းလင်းနေတာ ဂျီမင်ပါလန့်သွားသည်။

"သရဲ သရဲလား။သူခိုးလား"

"ဘယ်သူခိုးကအလုပ်ရှုပ်ခံပြီးအိမ်ရှင်းပေးသွားမှာလဲအရူးရဲ့"

"အမြင်မတော်လို့ရှင်းပေးသွားတာနေမှာပေါ့ကွာ"

"ဟာ တော်ကြတော့ ခေါင်းကိုက်ရတဲ့ထဲ"

ဂျီမင်စိတ်ပေါက်ပေါက်နဲ့ အရှေ့က၂ယောက်ကိုအော်လိုက်သည်။

"ဘာတွေ ဖြစ်နေကြတာလဲ"

3ယောက်သား အသံကြားလို့လှည့်ကြည့်လိုက်တော့ ဂျောင်ကုကိုတွေ့လိုက်ရသည်။

"ဂျောင်ကု"

"ငါသန့်စင်ခန်းခနသုံးနေတာ ဆူညံနေတာပဲကွာ"

"ဒါဆို မင်းမနေ့ကငါ့တို့ကိုလိုက်ပို့တာပေါ့။ဒါတွေအကုန်လုံးလဲ မင်းတစ်ယောက်ထဲ"

"မင်းအရမ်းစကားများတာပဲဂျယ်ဟွန်း ငါမနက်စာပြင်ထားတယ် မင်းတို့စားချင်စားမစားချင်မစားနဲ့ ငါတော့သွားစားပြီ"

3ယောက်သားဘာမှမပြောတော့ပဲ ထမင်းစားခန်းသာသွားလိုက်ကြတော့သည်။

တကယ်ပါ။ဒီလိုမနက်စာကိုသေသေချာချာမစားဖြစ်ကြတာတော်တော်ကြာပြီ။ဂျောင်ကုကဖွယ်ဖွယ်ရာရာချက်တတ်တာပဲဟုသာ ဂျီမင်တွေးနေလိုက်သည်။

"ချက်စရာဘာမှမရှိလို့ ငါဦးလေးကို စျေး၀ယ်ခိုင်းရသေးတယ် တော်တော်ဒုက္ခပေးတဲ့ကောင်တွေ"

"ဂျောင်ကုလေးကလဲ တစ်ခါတစ်​ေလေလေးကို စားမယ်နော်"

ဂျယ်ဟွန်းပြောပြီးပြီးချင်းစားလိုက်တာ သီးပါသီးသွားသည်။

"အားးး ဘယ်လ်ိုတောင်! "

ငံလိုက်တာ အမြင်ကျတော့လှပြီး စားကြည့်တော့မှ တော်တော်ဆိုးမှန်းသိလိုက်ရသည်။ဂျောင်ကုလဲ တခြား၂ယောက်ပါမျက်နှာပျက်နေသည်ကိုတွေ့လိုက်သောကြောင့် ချောင်းတစ်ချက်ဟန့်ကာ

စက္ကူပန်းလေး(Complete)Where stories live. Discover now