38 ✧⁠*⁠。

928 151 39
                                    

ဆောနူက သူတို့နှစ်ယောက်၏ ပတ်သတ်မှုကို
ဖော်ထုတ်လိုက်ပြီးနောက် အွန်လိုင်းပေါ်တွင်
fan တွေသာမက non-fan များကြားထဲတွင်
ပါ သူတို့ ဆက်ဆံရေးက ပြောစရာတစ်ခုဖြစ်
လာ၏။

ဆောနူလည်း တရားဝင်ထုတ်ပြောပြီးပြီမို့
တင်လိုက်တော့မယ်နော်။ ဆောနူ ပထမနှစ်
တုန်းက အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံပါ။
စီနီယာဆောင်းဟွန်းလည်းပါတယ်။

ပုံတင်သူက ဆောနူတို့ ပထမနှစ် ပွဲတော်တုန်း
က စင်မြင့်နောက်တွင် ရိုက်ထားသည့်ပုံဖြစ်
သည်။ ထိုပုံထဲတွင် ပုံတင်သူက သူ့မျက်နှာကို
အုပ်ထားပြီး ဆောနူနှင့် ဆောနူနောက်ရှိ သေး
သေးလေး ကပ်ပါလာသော ဆောင်းဟွန်းမျက်
နှာတို့မှာတော့ ထင်ရှားလှ၏။

ထိုမှ တစ်ဆင့် ကျောင်းတုန်းက သူတို့၏စီနီယာ
ဂျူနီယာ ဆက်ဆံရေးကို သိသင့်သလောက်သိ
သည့် သူများကလည်း ဆက်တိုက်ပေါ်ထွက်
လာနေတော့၏။

ကျောင်းတုန်းကတည်းက တတွဲတွဲဖြစ်ခဲ့
တာကို မှတ်မိတယ်။ ဆောနူကို လက်ဆောင်
ပေးချင်တဲ့သူတွေက စီနီယာဆောင်းဟွန်းကို
ပဲ လာရှာကြတာလေ။

ကျွန်တော်က ဆောနူနဲ့ တစ်တန်းတည်းပါ။
သူက အမြဲ သီးခြားနေတတ်ပြီးတော့ သူ့အလုပ်
သူလုပ်နေတဲ့လူမျိုး။ ဒါပေမယ့် သူ့လိုလူကသူ
ငယ်ချင်းတွေရနေပြီဆိုလို့ သိလိုက်ရတော့
မေဂျာရဲ့ နာမည်ကြီးတွေဖြစ်နေတယ်။ အတန်း
ဆင်းခါနီးဆို စီနီယာ ဆောင်းဟွန်းက ဆောနူကို
အမြဲ လာစောင့်ပေးတာ။ အခုထိ အခင်အမင်
မပျက်ရှိနေကြမယ်လို့ မထင်ထားဘူး။ ㅠ ㅠ

ရုပ်ရှင်တောင်မှ သူတို့လောက် ရုပ်ရှင်မဆန်နိုင်
ဘူး။ ဘယ်လိုတောင် ရှည်လျားတဲ့ရေစက်လဲ။

အင်တာဗျူးမှာ ကျွန်တော့်အတွက် သူတစ်ယောက်ပဲ ရှိတော့တယ်လို့ ဖြေခဲ့တယ်နော် !
ငါကြားလိုက်တာ အမှန်ပဲလား !!!!

ဂင်ဆောနူက လူတိုင်းနဲ့ မူးမန့်ထွက်အောင်
လုပ်နိုင်တယ်။ တကယ့်ကို ငါတို့ ဥက္ကဌ..

ရှစ်စရာမရှိလို့ မန်နေဂျာနဲ့ ရှစ်ရအောင်
နင်တို့ အရမ်းအားနေလား။ အားနေရင်
သူ့ရဲ့ mv ကို သွား stream နေကြပါ
လား ?

When you were in my arms , I was on your shoulder Where stories live. Discover now