28 ✧⁠*⁠。

743 146 41
                                    


ဆောင်းဟွန်းမှာ ပင်ပန်းသလိုခံစားနေရ
သော်လည်း အိပ်မရချေ။ သူ့ဘဝတွင်
ဆောနူကို ထိုသို့ပြောဖူးသည်မှာ ပထမဆုံး
ဖြစ်ပြီး သူ့ဘက်က အရင်ကျောခိုင်းခဲ့ဖူးတာ
လည်း ထိုအချိန်က ပထမဆုံးဖြစ်သည်။
သို့သော် ဆောင်းဟွန်းက အသားလွတ်
သဝန်တိုတတ်တာမျိုး မဟုတ်ပေ။ သူ့မှာ
ဆောနူကို တစ်ဖက်သတ် ကိုးနှစ်လောက်
ချစ်လာခဲ့ရတာ ဖြစ်သည်။ ကြားထဲတွင်
ကံလေးကောင်းပြီး နှစ်ဝက်လောက် ချစ်သူ
အနေနှင့်အတူရှိခဲ့ရပေမယ့် အခုအချိန်ထိ
ဆောနူက သူ့ကိုဆိုလျှင် အေးစက်စက်လေး
သာ။

ကြားထဲက ပေါ်လာတဲ့ တစ်ယောက်ပြီးတစ်
ယောက်ကကျတော့ သူမရတဲ့အခွင့်အရေး
တွေရနေပြီး ဘာလို့ အချိန်အကြာကြီးချစ်
လာတဲ့သူကကျ မရနိုင်ရတာလဲဆိုပြီး ဝမ်း
နည်းမိရုံသာ။ သို့ပေမယ့် ထုံးစံအတိုင်း သူ
က ဆောနူကို ဘယ်အပြစ်တင်ရက်ပါ့မလဲ။

ဟိုလှိမ့်သည်လှိမ့်နှင့် အိပ်မရတော့သည့်
နောက်ဆုံး အလုပ်ထ လုပ်ရန်သာ စဉ်းစား
လိုက်သည်။

သူ့အခန်းက ကျဉ်းကာ စားပွဲက သေးတာကြောင့်
TV ရှေ့က ခုံကိုသာ ရွှေ့လိုက်သည်။ သူကအခု
ဆောနူကို တာဝန်ယူထားရတယ်ဆိုပေမယ့် တစ်
ခြားကလေးတွေ ရုပ်သံလိုင်းတွေမှာ ဖျော်ဖြေ
ခွင့်ရအောင်လည်း ချိတ်ဆက်ပေးရသည်။

အချိန်ဇယားတွေ ချိန်ညှိပေးရကာ အမှန်တကယ်
ဦးနှောက်ခြောက်ရ၏။ ဒီကြားထဲ day off မပေး
လို့ ကလေးတွေက complain တက်သေးသည်။

ဆောင်းဟွန်း tablet နှင့် စာရွက်တွေကိုကြည့်
နေရင်း စာလုံးတွေ နှစ်ထပ်ဖြစ်လာသောကြောင့်
ခေါင်းကို ခါပစ်လိုက်ရသည်။ အလင်းရောင်က
မလုံလောက်ပေ။ ဧည့်ခန်းမီးဖွင့်လိုက်လျှင်
ဆောနူ သတိထားမိပြီး ထွက်လာမှာ စိုးတာ
ကြောင့်ဖြစ်သည်။

တစ်ဖက်တွင် ဆောနူမှာလည်း headphone
တပ်ထားရင်း စာသားအချို့ကို ချရေးနေ၏။
အချိန်မှာ မနက် နှစ်နာရီဖြစ်ပြီး မနက်ဖြန်နောက်
ဆုံး ရိုက်ကူးရေးရက် မို့ သူစောစောအိပ်ရမည်
ဖြစ်သည်။

နောက်တော့ မီးအိမ်လေးကို ပိတ်လိုက်ပြီး
ရေသောက်ရန် အခန်းအပြင်သို့ ထွက်လာ
တော့ TV ရှေ့က စားပွဲပေါ်တွင် ပါးတစ်ခြမ်း
မှောက်၍ အိပ်နေသည့် ဆောင်းဟွန်းကိုတွေ့
လိုက်ရလေသည်။

When you were in my arms , I was on your shoulder Where stories live. Discover now