21 ✧⁠*⁠。

670 143 32
                                    

ဂျောင်ဝန်း ကုမ္ပဏီရှေ့တွင် ကားကိုမှီကာ
ပြောင်လတ်နေသည့် လက်ကနာရီကိုငုံ့ကြည့်
လိုက်ရင်း ဆောနူကို စောင့်နေလိုက်သည်။

ကျိန်းသေပေါက် အခု ပြန်လာတော့မယ်လို့
ပြောထားတာ။ ဘာလို့ထွက် မလာသေးမှန်း
မသိ။ ဂျောင်ဝန်း ကားထဲ ပြန်ဝင်ထိုင်နေလိုက်
ရင် ကောင်းမယ်ဟု စဉ်းစားကာ ကားတံခါး
ဖွင့်မည်အပြု သူ့ရှေ့တွင် ရပ်ကာ သူ့ကိုအံ့
အားသင့်သလို ကြည့်နေသည့် တစ်စုံတစ်
ယောက်။

ဂျောင်ဝန်း နေရာမှာတင်အေးခဲသွားသည်။
အာ.. နောက်ဆုံးတော့ မိသွားပြီပဲ။ အစီအစဉ်
‌ထဲမှာ ဒီနေ့လူလုံးထွက်ပြမယ်လို့ မပါထားတဲ့
ဟာကို။

ပြန်ရောက်ပြီး ဂျေးဟျောင်းကို ဘယ်မှာနေတယ်၊
ဘာတွေလုပ်နေတယ်။ တစ်ပတ်မှာ အလုပ်ကို
ဘယ်ရက်လာတတ်ပြီး ဘယ်အချိန်မှာပြန်တတ်
တယ်ကအစ သူသိပေမယ့် တရားဝင်တော့မနှုတ်
ဆက်ခဲ့ဘူးလေ။

ဂျေးလည်း သူ့ရှေ့မှ ပြေးပေါက်ရှာသလိုလုပ်
နေသည့် ကောင်လေးကို ကြည့်ရင်း ဘာပြော
ရမှန်းမသိ ဖြစ်နေသည်။ အဖေ့ဆီကနေ ယန်း
မိသားစုက သားလေး ပညာတော်သင်ကပြန်
လာပြီး သူ့အဖေကို ကူနေပြီဟု ခဏခဏကြား
ရပေမယ့် သူတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆို
ရမယ့် ဆက်ဆံရေးမျိုးလည်း မဟုတ်သလိုခါး
ခါးသီးသီး ဖြစ်နေစရာလည်း မလိုအပ်။

ထပ်လောင်းပြောရရင် သူ့ဆီက အဖြေလာယူ
ပါမယ်၊ စောင့်နေပါ လို့တောင် သူ့ကိုကြွေးကြော်
သွားသော်လည်း ပြန်ရောက်ပြီး တစ်နှစ်ကြာတဲ့
အထိ သူ့ရှေ့မှာ ပေါ်မလာတဲ့ ကောင်လေးကသူ့
ကို စိတ်ကစားသွားတယ်လို့သာ မှတ်လိုက်ရုံရှိ
တော့သည်။

ကောင်လေးက ယခင်ကထက်လည်း ပိုထွား
လာသည်။ မျက် မှန်လေးထောင့်ကွင်းနဲ့မဟုတ်
တော့ဘဲ ကြည့်ကောင်းသည့် ယောက်ျားလေး
တစ်ယောက်အဖြစ်နဲ့ ရေခြားမြေခြားတွင်အရွယ်
ရောက်လာပုံရသည်။

ဂျောင်ဝန်း လက်တစ်ဖက်ကို မြှောက်လိုက်ကာ
နှုတ်ဆက်လိုက်သည်။

" မတွေ့တာကြာပြီ.. ဂျေးဟျောင်း "

ဂျေး သူ့ရဲ့ တစ်ဖက်တည်း လွယ်ထားသည့်
ကျောပိုးအိတ်ကို ပြန်ပင့်တင်လိုက်ရင်း မသိ
ချင်ယောင်ဆောင်ကာ မေးလိုက်သည်။

When you were in my arms , I was on your shoulder Where stories live. Discover now