5 ✧⁠*⁠。

785 140 19
                                    

ဆောင်းဟွန်းစာသင်ဆောင်ထဲက ထွက်လာချိန်
အပြင်မှာ ယန်းဂျောင်ဝန်းလေးက စောင့်နေ၏။
ဒီလိုပဲ ဆောနူက ဂျေးကိုတော့ မိတ်ဆွေအဖြစ်
အသိအမှတ်ပြုသည်ထင်၏။ ဆောင်းဟွန်းနှင့်
ဂျေးဆုံမည့်အချိန် သူအားတယ်ဆိုရင်တော့လိုက်
လာတတ်ပြီး တစ်ခါတစ်လေတော့ သူ့အတန်းချိန်
တွေနဲ့သူ ရှုတ်နေတတ်သည်။

သို့သော် ဆောနူနှင့် ထိတွေ့လာလေ၊ ဆောနူက
သူကျောင်းတုန်းက ကြားထားသက‌ဲ့သို့ အပေါင်း
အသင်းမဝံဆန့်တာမဟုတ်ဘဲ လူအများက သူ့ရဲ့
ပုံစံကို လက် မခံနိုင်တာ ဖြစ်ရမည်။

ဆောနူက အေးအေးဆေ‌းဆေးရှိသည် ထင်ရပြီး
တစ်ချိန်တည်းတွင်ပင် စိတ်ဓာတ်ပြတ်သားကာ
ဆုံးြဖတ်ချက်ခိုင်မာသည့် လူငယ်လေးဖြစ်ပြီး
သူ့ကို အလေးထားသည့်လူများကို လေးစားမှု
ပြန်ပေးသည်။

ခံစားချက် မရှိသလို စကားပြောတတ်ပေမယ့်
တစ်ချိန်တည်းမှာလည်း တစ်ဖက်လူအတွက်
ဦးနှောက်က လေးလေးနက်နက် စဉ်းစားပေး
တတ်သည့် လူမျိုးလည်းဖြစ်သည်။

ထိုသို့မဟုတ်ပါလျှင် အခုအချိန် ဂျေးနှင့်အလေး
အနက် ဆွေးနွေးပေးနေမည် မဟုတ်ပါချေ။

" အဲ့တာမျိုးက ကျွန်တော့်ပုံစံ မဟုတ်ဘူး
ထင်တယ်.."

ကျောင်းရဲ့ ဖျော်ဖြေပွဲဟု ဆိုသော်လည်း အဓိက
က အနုပညာမေဂျာသမားတွေကို ပွဲထုတ်သည့်
ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည်။ ဆောနူက ဂီတာ ၊
ဒရမ်နှင့် စန္ဒယားကို အလေးပေး လေ့လာခဲ့သော်
လည်း တစ်ဦးတည်း လေ့ကျင့်ခဲ့ရတာ ဖြစ်သည်။
လူအုပ်ကြီးရှေ့တွင် သီဆိုဖျော်ဖြေရန်ကား ပထမဆုံးဖြစ်ကာ ဆောနူအတွက် စိန်ခေါ်မှုတစ်
ရပ်ဖြစ်နေပုံရသည်။

" ဂျေးရား.. သူအဆင်မပြေရင်လည်း မလုပ်
ခိုင်းပါနဲ့..."

ပတ်ဆောင်းဟွန်းက ဘေးနားကနေ သူတော်
ကောင်းဝင်လုပ်တာတော့ မဟုတ်ဘူး။ ဆောနူ
က ဝန်လေးနေပုံရ၏။ အခက်အခဲ ဖြစ်နေပုံရ၏။
သူက ဆောနူကို ကျဉ်းထဲကြပ်ထဲ မပို့ချင်ပေ။
ဂျေးက သူ့ကို ပါးစပ်ပိတ်ထားဟူသည့် အကြည့်
မျိုးဖြင့်ကြည့်လိုက်ပြီး..

When you were in my arms , I was on your shoulder Where stories live. Discover now