1 ✧⁠*⁠。

1.5K 194 21
                                    




၂၀၁၈ ခုနှစ်၊ ဧပရယ်၊ ဂွမ်ဂျွန်းပြည်နယ်။

ကျယ်ဝန်းသော သဲကွင်းအတွင်း စစ်ဖိနပ်သံ
တို့အုပ်အုပ်ကျက်ကျက်နှင့်အတူ တပ်သား
များ၏ ခပ်နက်နက် အသက်ရှူသံတို့မှာလည်း
မသိမသာထွက်ပေါ်နေ၏။

အစိမ်းရောင် စစ်အင်္ကျီနှင့် ခွာထူသော စစ်ဖိနပ်
များဝတ်ဆင်ပြီး အစိမ်းရောင်ဦးထုတ်ကို မျက်
လုံးအုပ်သည်အထိ ဆောင်းထားသော အသား
ဖြူဖြူနှင့် တပ်သားတစ်ဦးက ရှေ့က ဦးဆောင်
၍ စည်းချက်တိုင်ပေးနေ၏။

" ဘယ် ညာ ဘယ် ညာ ဘယ် ညာ !
ကိုးပတ် မြောက်ပြီးဆုံး ၊ ဆယ်ပတ်မြောက်
ပြန်စ ! .."

နားထင်တွင် ချွေးစက် များစီးကျနေပေမယ့်
ဘယ်သူမှ ရပ်ရန် သတ္တိမရှိ။ ထို့နောက် မြင်နေ
ရသည့် အကွာအဝေးမှ အထက်လူကြီးဝင်လာ
သဖြင့် အမြန်ဆုံး တန်းစီလိုက်ကြသည်။

" သတိ ! တပ်ခွဲမှူးကို အလေးပြု "

ထိုအသားဖြူဖြူနှင့်လူက ရှေ့က အော်လိုက်
လျှင် အနောက် မှ တပ်သားများက အားမာန်
အပြည့်ဖြင့် နှုတ်ဆက်လိုက်ကြသည်။

ထိုအခါ တပ်ခွဲမှူးဆိုသူက ရယ်လျက် ထိုသူ၏
ပုခုံးပေါ် တစ်ချက်နှစ်ချက်ပုတ်၏။

" ဟဟား.. ပြန်ထွက်ရတော့မယ်ဆိုတော့ ၊
အခု အမှားတွေ မလုပ်တော့ဘူးလား.."

" အမည်၊ ပတ်ဆောင်းဟွန်း။ ရာထူး၊ တပ်မှူးလေး။ ပြန်ဖြေပါတယ်။ အကုန် တပ်ခွဲမှူးက
သင်ပြပေးခဲ့လို့ပါ.."

" မင်းတို့ တပ်မှူးလေးဆီက သေချာသင်ထား
ကြ၊ နောက်နှစ်ပတ်ဆို ထွက်တော့မှာ.. ဟုတ်ပြီ၊
ဟုတ်ပြီ၊ တန်းဖြုတ်.."

" အလေးပြု !"

တပ်ခွဲမှူးထွက်သွားပြီးနောက် မှ ဆောင်းဟွန်း
ဦးထုတ်ကို ချွတ်လိုက်ပြီး အဖွဲ့သားများကိုတန်း
ဖြုတ်စေလိုက်သည်။

" တပ်မှူးလေးကို တင်ပြပါတယ်။
တပ်မှူးလေး၊ ဖုန်းလာနေတယ်"

" အင်း၊ အခု လာခဲ့မယ်.."

ဆောင်းဟွန်း ပင်မဆောင်ကို ဝင်သွားတော့
တပ်သားအချို့က လမ်းတွင် အလေးပြုနှုတ်
ဆက်သည်ကို ပြန်နှုတ်ဆက်ပြီး ဖုန်းပြောရာ
နေရာတွင် ထိုင်လိုက်သည်။

When you were in my arms , I was on your shoulder Where stories live. Discover now