27 ✧⁠*⁠。

667 139 42
                                    

ဆောနူ အိပ်ရာပေါ်တွင် မျက်လုံးများပွင့်လာ
၏။ သူ ငူငူငိုင်ငိုင်နှင့် ထထိုင်လိုက်ပြီးနောက်
သူ့ နှုတ်ခမ်းက တော်တော်တင်းနေကာ ပုံမှန်
ထက် ပိုကြီးနေသည်ဟု ခံစားရသဖြင့် သူ့
ကိုယ်သူ လက်နှင့် ထိကြည့်လိုက်သည်။

အ ! စပ်တယ်..

ဆောနူ လက်ကိုင်မှန်ကို ဆွဲယူကြည့်လိုက်တော့
ဆိုးဆိုးဝါးဝါး ယောင်နေသည့် သူ့နှုတ်ခမ်းကို
တွေ့လိုက်ရလေသည်။

ဒေါက်- ဒေါက်-

ဆောင်းဟွန်းက တံခါးခေါက်သံ နှစ်ချက်ပေး
ပြီး တံခါးကို ဖွင့်ကာ ခေါင်းလေးပြူလာ၏။

" ဆောနူ.. နိုးနေပြီလား။ မနက်စာ မှာထားတာ
ရောက်နေပြီ.. အဲ့တာ "

ဆောနူ ငူငူငိုင်ငိုင်နှင့်ပင် မှန်ကို ပြန်ချလိုက်ပြီး
ဆောင်းဟွန်းကို ကြည့်လိုက်၏။ သူ့ကို ဒီလို
ဖြစ်အောင် လုပ်နိုင်တာ ဒီအိမ်မှာ ဘယ်သူရှိ
သေးလို့လဲ။ သူကတော့ နွေဦးရဲ့ မနက်ခင်း
လေးလို တောက်ပနေလိုက်တာ ၊ ခေါင်းမှာ
နားရွက်နှစ်ဖက်တောင် ပေါက်လာတော့မယ့်
အတိုင်းပဲ။

ဆောင်းဟွန်း မနက်စာကို ပန်းကန်ထဲလှယ်
ထည့်နေရင်း သူ့နောက်က မြှားတွေ တစ်‌
ချောင်းပြီး တစ်ချောင်း လာစိုက်နေသလို
ခံစားရသည်။ အကြောင်းမှာ ဆောနူက
သူ့ကို ပေါက်ထွက် မတတ်ကြည့်နေတာ
ကြောင့်။

သူတို့ ခြောက်နှစ်ကြီးများတောင် ကွဲကွာ
နေခဲ့တာကြောင့် အသိစိတ်လွတ်သွားတာ
ဖြစ်ရမည်။ ညက တော်တော်ကြာတဲ့ထိ
သူ့ကိုယ်သူလည်း မရပ်နိုင်။

ဆောနူက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို အကြည့်
စူးစူး ဖြင့် ကြည့်နေသဖြင့် သူ့မှာနေရထိုင်ရ
ကြပ်လှသည်။ ထို့နောက် ဆောနူရှေ့ခေါက်
ဆွဲ ပန်းကန်ကို ချပေးလိုက်ပြီး ရေခဲအိတ်ကို
မဝံ့မရဲနှင့် ပေးလိုက်တော့ ဆောနူက ဆတ်
ခနဲ ဆွဲယူသွားသည်။

" မေ့ခိုင်းမယ်ဆိုရင်လည်း သက်သေမကျန်
အောင် လုပ်ရမှာပေါ့။ ဆန်းဘေးက မဟုတ်
တာ တစ်ခုခု ကျူးလွန်ရင် ချက်ချင်းမိမယ့်
လူစားမျိုးပဲ.."

ဆောနူက နှုတ်ခမ်းကို ရေခဲကပ်နေရင်း
သူ့ကို စိတ်တိုစွာပြောလေ၏။ ဆောင်းဟွန်း
လည်း သူ့အမှားမို့ ခေါင်းမထောင်နိုင်ဘဲ
" ကိုယ် တောင်းပန်ပါတယ် " ဟုသာ တိုးတိုး
လေးပြောလေတော့သည်။

When you were in my arms , I was on your shoulder Where stories live. Discover now