32 ✧⁠*⁠。

783 147 55
                                    

" မင်းတို့ ဘာလုပ်ကြတာလဲ ဟမ် ! မင်းတို့
ကိုယ်မင်းတို့ ရုပ်ရှင်ရိုက်နေကြတယ် ထင်နေ
တာလား ! မပြောမဆိုနဲ့ ပျောက် ပျောက်သွားရ အောင်..ဆောင်းဟွန်း ! မင်းဒီလိုမျိုးမှားတတ်တဲ့သူ မဟုတ်ပါဘူး၊ ဘာလို့ အခုမှစိတ်တွေလွတ်နေတာလဲ ဟမ်.."

ဌာနမှူးက ထိပ်မှာထိုင်ပြီး ဆူနေပေမယ့်
ဆောင်းဟွန်းက ရှေ့မှထိုင်ကာ ဆောနူကို
တော့ သူ့နောက်တွင်ပို့ထား၏။ ဆောင်းဟွန်း
စားပွဲခုံအောက် မှတစ်ဆင့် ဆောနူ၏ လက်
ဖဝါးလေးကို အုပ်ကိုင်ကာ ဖျစ်ညှစ်ထားလိုက်
ပြီး..

" တောင်းပန်ပါတယ်၊ နောက်တစ်ခါ မဖြစ်
စေရပါဘူး.."

" မိသားစုထဲမှာ နာရေးရှိသွားတဲ့အကြောင်း
စာထုတ်လိုက် မှာ မို့လို့.. solo debut အတွက်
သေချာ အာရုံစိုက်ပြီး လုပ်တော့ ! ထပ်ပြီး
ပြဿနာ မရှာနဲ့တော့နော်.. ဒါ ငါနောက်ဆုံး
သတိပေးတာ.. ဆောနူ ကြားလား.."

ဆောနူ ခေါင်းညှိမ့်ပြလိုက်လေသည်။ ထို့
နောက် ဌာနမှူးက သူတို့ကို အခန်းထဲတွင်
ထားခဲ့ကာ ထွက်သွားတော့၏။

ဆောင်းဟွန်း သူ့ကိုယ်က ဆောနူဘက်လှည့်
လိုက်ကာ မျက်နှာလေးကို ငုံ့ကြည့်သည်။
လက်ကလေးကို ဖွဖွလေးကိုင်ထားရင်း..

" အဆင်ပြေရဲ့လား ၊ ဒီနေ့တော့ နားလိုက်
မလား.."

ဆောနူ ဆောင်းဟွန်းကို ကြည့်လာ၏။
ဆောင်းဟွန်း ရှိနေတာကြောင့် သူ့မှာ ဖိအား
တွေ လျော့နေသည်ဟု ခံစားရသည်။

" သိနေခဲ့တာလား.."

ဦးလေး ဖြစ်သူအကြောင်း သိရပြီးတာ
တောင် ဆောင်းဟွန်းက သူ့ကို ဘာမှမေး
မလာခဲ့သည့်အပြင် မနေ့ကလည်း သူရှိ
သည့်နေရာကို သိပြီး ရောက်လာခဲ့တာ
ကြောင့် ဆောနူ သတိထားမိသွားသည်။
ဆောင်းဟွန်း ခေါင်းညှိမ့်ပြလိုက်၏။

" အရင်တစ်ခေါက် ကိစ္စကို စုံစမ်းရင်းနဲ့
မထင်မှတ်ဘဲ သိသွားတာ.. တကယ် အဆင်
ပြေပါတယ်နော်.."

" အဆင်ပြေ မပြေက နောက် မေးခွန်းကို
ဆန်းဘေး ဘယ်လိုဖြေမလဲဆိုတဲ့အပေါ်
မူတည်တယ်။‌အဲ့တော့.. အခု ကျွန်တော်
တို့က ဘာတွေလဲ "

When you were in my arms , I was on your shoulder जहाँ कहानियाँ रहती हैं। अभी खोजें