2.8K 170 13
                                    


မြင်မြင်သမျှ ပတ်ဝန်းကျင်က မှုန်ဝါးနေပေမယ့်
အလင်းစူးတယ်။ သူ ဘယ်ရောက်နေတာလဲ။

ဩ.. တစ်ဖြည်းဖြည်းနဲ့ သဲကွဲစွာ ရှင်းလင်းလာ
ပေမယ့် ရေငွေ့ရိုက်နေတဲ့ ရုပ်ရှင်ဖလင်တစ်ခု
လို မှုန်ဝါးဝါးတော့ ရှိနေဆဲပဲ။

ဒီ နေရာကို သူသိတယ်။ ဒီနှစ်တွေမှာ ခဏခဏ
ပြန်ပြီး အိမ်မက္ မက္ ခဲ့တဲ့ အကြောင်းအရာပဲ။
အခုလည်း သူ အိမ် မက္ မက္နေတာ ဖြစ်ရမယ်။

ဒါက ဂျင်ဆောင်း တက္ကသိုလ်ရဲ့ စာကြည့်တိုက်၊ မှန်ပြတင်း အမြင့်ကြီးတွေကြားနေရာကောင်းကောင်းရတဲ့ စာကြည့်စင်တွေရဲ့
အဆုံးက ခုံနေရာမှာ သူထိုင်နေတယ်။

သူ့လက်ထဲမှာ သူစွဲစွဲမြဲမြဲ ဖတ်နေကျ နာမည်ကြီး အနုပညာရှင်တွေရဲ့အင်တာဗျူးမဂ္ဂဇင်းစာအုပ်။

သူ ခေါင်းလေးကို လက်နဲ့ထောက်ရင်း တစ်ခုခုကို
စောင့်နေပုံရတယ်၊ ဒါမှမဟုတ် တစ်ယောက် ယောက်ကို။ နောက်တော့ မဂ္ဂဇင်းရှေ့ကိုတိုးပေး
လာတဲ့ milk tea ခွက်။ အရှေ့တွင် အဝါနုရောင်
ရှပ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ထိုသူက သူ့ကို
သစ်လွင်စွာ ပြုံးပြလျက်။ သူဘာပြောလိုက် မိလဲ၊ သူ့အသံသူမကြားရ။ ဒါပေမယ့် သူတစ်ခုခု
တော့ အပြစ်တင်လိုက် မိသည်ထင်၏။ ထိုသူက
အပြုံး မပျက်ဘဲ တောင်းပန်လာတယ်။

ထို့နောက် မြင်ကွင်းနောက်တစ်ခုကို ပြောင်းလဲ
သွားတယ်။ သူ့လက်ကို ဆွဲကိုင်ထားတဲ့ အဲ့ရှည်
ရှည်သွယ်သွယ်နဲ့ ဖြူဖွေးသော လက်တစ်ဖက်။
ထို့နောက် သူ့ဘက်လှည့်ကြည့်ကာ ရယ်လျက်
လေကြောင့် ဖရိုဖရဲဖြစ်နေတဲ့ သူ့ဆံပင်တွေကို
သပ်တင်ပေးလာတယ်။

" မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆောနူ~"

ထို့နောက် ခေါင်းငိုက်စိုက်ကာ မျက်ရည်ကျနေ
တဲ့ ထိုအမျိုးသား။ သူ့လက်ကို ဆွဲပြီး..

" ကိုယ်အကောင်းဆုံးကြိုးစားပါ့မယ်။ ကိုယ်ါ
ကို အခွင့်အရေးလေးတစ်ခုလောက်ပေးပါ.."

" ကိုယ့်ကို မချစ်ခဲ့ဘူးလား~"

" ကိုယ့်ကို နည်းနည်းလေးတောင် မချစ်ခဲ့ဘူး
လား~ ဆောနူ.."

When you were in my arms , I was on your shoulder Where stories live. Discover now