34 ✧⁠*⁠。

1.2K 154 78
                                    


ဂင်ဆောနူမှာ ကော်ဖီ ကုန်သွားသည့် ဘူးထဲမှ
ရေခဲတွေကို ခလောက်လိုက်ရင်း..

" အဲ့တာတော့.. နည်းနည်း.. "

ဂျောင်ဝန်းက သူ့ကို မျက် မှောင်ကျုံ့၍
ကြည့်လေသည်။ သူ့ကိုကြည့်ရတာ သူ့ဘက်
က မပါပေးရင် ဆောနူကိုလည်း ရန်ရှာမည့်ပုံ။

" မင်းဘက်က မလျှော့ပေးချင်ဘူးလား.."

" ဂင်ဆောနူ.. ငါသူ့ကို တစ်ဘဝလုံး အလျှော့
ပေးထားတာ။ ဒီဟာတော့မရဘူး.. ငါဘယ်
လောက်တောင် မျှော်လင့်ခဲ့ရလဲ.."

" ဒါပေမယ့်လည်း.. မင်းတို့နှစ်ယောက်ယှဉ်
လိုက်ရင် ဂျေးဟျောင်းက ပိုပြီး တည်ကြည်
ပြီး ဦးဆောင်နိုင်တဲ့ပုံစံမျိုးကို.."

" ရား.. အဲ့တာ အသက်ပိုကြီးလို့ပါ။ ငါ့ကိုကြည့်..
ပုခုံးလည်း ကျယ်ပြီး ၊ ကြွက်သားတွေလည်းရှိ
ပြီး.. လုပ်ငန်းကို ဦးဆောင်နေတဲ့ ယောက်ျားပါ..
ယောက်ျား.. အိုက်ဂူး.. မွန်းကြပ်လိုက်တာ "

ဆောနူမှာ ငြိမ်ကျသွား၏။ အဲ့တာလည်း ဟုတ်
တာပဲ ၊ သို့သော် ဆောနူက သူများကို စိတ်ပူနိုင်
တဲ့ အခြေအနေမဟုတ်သေးဘူးလေ။ ဂျောင်ဝန်း
ကို ကြည့်ပြီးမှ ဆောနူ တစ်မျိုးပြောင်းတွေးလိုက်
ကာ..

" ဒါမှ မဟုတ်.. ငါကပဲ ဦးဆောင်လိုက်ရမလား.."

ဂျောင်ဝန်းမှာ ကော်ဖီနင်မလိုတောင် ဖြစ်သွား
သည်။ လူတွေက ချောင်ပိတ်ပြီး ကြံရာမရ
ဖြစ်လာရင် အဲ့လို မထော်မနှမ်းတွေ လုပ်တော့
တာပဲလား။

" ဘယ်လိုလုပ်ဖြစ်မှာလဲ ! မင်း.. အမလေး..
စိတ်ကူးတောင် ယဉ်ကြည့်လို့မရဘူး။
အောမော အောမော.. ဘုရားရေ ၊ ကြက်သီး
ထလိုက်တာ.. ငရဲကြီးတော့မလို ခံစားချက် "

ဆောနူလည်း လက်ခံပါ၏။ ပြီးတော့ သူကိုယ်
တိုင်ကလည်း ဆောင်းဟွန်းကိုပဲ ပေးချင်သည်။

" အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ၊ ငါတို့
နှစ်ယောက်.."

" ဘယ်လိုလုပ်ရမှာလဲ.. မရရအောင် လုပ်ရ
မှာပေါ့.."

ကော်ဖီဆိုင်တွင် နှစ်ယောက်သား သူ့အပူနှင့်
သူ။ တစ်ယောက်ကတော့ ဆုံးဖြတ်ချက် ခိုင်
မာနေပြီး တစ်ယောက်ကတော့ ဝေခွဲရခက်နေ
လေသည်။

When you were in my arms , I was on your shoulder Where stories live. Discover now