2 ✧⁠*⁠。

1K 164 9
                                    


၂၀၁၃ ခုနစ်၊ ဩဂုတ်လ၊ ဆိုးလ်မြို့။

ဒုတိယနှစ်ဝက် စဖွင့်ဖွင့်ချင်းမှာပင် ဆောင်းဟွန်း
နောက်ကျရပြီ။ သူငယ်ချင်းတွေကတော့ သူ့ပုခုံး
ကို နင်းပြီး အုတ်ရိုးကျော်တက်သွားပေမယ့် သူ့
အလှည့်ကျမှ ကြိမ်လုံးနှင့် စည်းကမ်းထိန်းသိမ်း
ရေးဆရာ လက်ထဲ ရောက်သွားရတယ်။

ဆောင်းဟွန်း ကျောင်းရှေ့မှ ဒူးထောက်ပြီး
‌လက် မြှောက်ထားရတယ်။ သူ တစ်ယောက်
တည်းတော့ မဟုတ်။ သူ့ဘေးနားမှာ ကောင်
လေးတစ်ယောက်နဲ့။

မညီမညာတိထားတဲ့ ‌သူ့ရဲ့ အနက်ရောင်ရှေ့ဆံ
ပင်တွေက ကောင်လေးကို ခိုးကြည့်တဲ့အခါ အကူ
အညီမဖြစ်ပါ။ ထိုကောင်လေးက လမ်းပေါ်တွင်
အထူးထုတ်စာအုပ်ကိုချကာ သူ့လိုပင် ဒူးထောက်
လက် မြောက်ရင်း စာဖတ်နေ၏။

ရာသီဥတုကလည်း စိတ်တိုဖို့ကောင်းလောက်
အောင် သာယာနေသည်။ အနီးကပ်မြင်ရသည့်
ထို ကောင်လေး၏ အသားအရည်ဟာ ကြည်လင်
နေပြီး မက္မွန်ရောင်ရှိကာ ရှည်လျားသည့်မျက်
တောင်လေးတွေကို ဘေးတိုက် မြင်ရ၏။

ဆောင်းဟွန်းသူငယ်ချင်းတွေထဲမှာ ယောက်ျား
လေးအချင်းချင်းပြန်တွဲသူတွေရှိပြီး ဘယ်တုန်း
ကမှ သူကိုယ်ချင်းမစာမိခဲ့။

အခုအချိန်မှာ ဆောင်းဟွန်းက သူ့ဘေးက
ကောင်လေးကို လှလိုက်တာ ဟု ပထမဆုံးတွေး
မိပြီး ဒီလိုယောက်ျားလေးမျိုးသာဆို သူတွဲနိုင်သည်ဟုခံစားမိသည်။

" ပတ်ဆောင်းဟွန်း ၊ ရှေ့ကိုကြည့် ။ တည့်တည့်
နေ.."

" ဟုတ်ကဲ့~"

" မင်းသွားလို့ရပြီ။ နောက်တစ်ခါ နောက် မကျ
စေနဲ့နော်.."

ဆရာက ခွင့်ပြုသည်နှင့် ကောင်လေးက သူ့ကျော
ပိုးအိတ်ထဲ စာအုပ်တွေကို ထည့်ကာ နာနာခံခံ
နှင့် ထထွက်သွားလေသည်။ ဆောင်းဟွန်းလည်း
သူ့လွယ်အိတ်ကို ကောက်ကိုင်တော့..

" မင်းမပါဘူး !"

" ဟုတ်ကဲ့ ~ တောင်းပန်ပါတယ်.."

ထို့နောက် လက် မြှောက်နေရင်း ဆောင်းဟွန်းရဲ့
အကြည့်ဟာ ဖြည်းဖြည်းမှန်မှန်နှင့် လမ်းလျှောက်
သွားနေသော ထိုကောင်လေး၏ နောက်ကျော
နောက် ကပ်ပါသွားလေသည်။

When you were in my arms , I was on your shoulder Where stories live. Discover now