35 ✧⁠*⁠。

1.1K 147 117
                                    

ဆောနူ နိုးလာသည့်အချိန်တွင် သူကရေကန်
ထဲမှာ။ ဆောင်းဟွန်းက ကန်ဘေးတွင်အမွှေး
စပ်ပေးနေလေသည်။ ရေပူသုံးထားသဖြင့်ရေ
ချိုးခန်းထဲတွင် ရေငွေ့လေးများ ရိုက်နေပြီး
ဆောနူက ဆောင်းဟွန်း၏ အဝတ်မပါသည့်
နောက်ကျောအား ကြည့်နေလေ၏။ ထို့နောက်
သူ့ လက်ကိုသူပြန်ထောင်ကြည့်လိုက်ပြီး မနက်
ဖြန် လက်သည်း ညှပ်ရန် စဉ်းစားလိုက်၏။

" နိုးပြီလား.."

ရေလှုပ်ရှားသံကို ကြားလိုက်ရတော့ ဆောင်း
ဟွန်းလှည့်ကြည့်လာလေသည်။ ဆောနူခေါင်း
ငြှိမ့်ပြလိုက်၏။

" အတူတူ စိမ်မလား.." ဆိုတော့ ဆောင်းဟွန်း
လည်း ကြွေဇလုံထဲ ဝင်လာပြီး ဆောနူကနေရာ
ပြောင်းကာ ဆောင်းဟွန်း၏ ရင်ခွင်ထဲဝင်လိုက်
၏။ ဆောင်းဟွန်းက အရပ်ရှည်တာကြောင့်သူ့
ခြေထောက်က ကွေးထားရပြီး ရေပေါ်တွင်ထူထဲ
သည့် ပေါင်တံက ပေါ်နေလေသည်။

ဆောနူ သူ့ခေါင်းကို ဆောင်းဟွန်း၏ ပုခုံးပေါ်
တွင်   လှန်မှီထားရင်း မျက်လုံးမှိတ်  ထားစဉ် ဆောင်းဟွန်းက သူလက်ကလေးများကို ကိုင်
ကာ ဟိုဟိုဒီဒီ ချေးတွန်းပေးလေသည်။

" ဘယ်လိုလဲ.."

" ဟင်.. ဘာကိုလဲ.."

" ခုနဏ.. သဘောကျလား.."

ဆောင်းဟွန်းမှာ သူ့ခေါင်းထဲက ဖြစ်စဉ်တွေ
ပြန်ပေါ်လာပြီး နားရွက် များရဲသွားသော်လည်း
ရိုးရိုးသားသား ဖြေလိုက်ပါ၏။

" အင်း.. သဘောကျတယ်.."

" ဘယ်လောက် သဘောကျလဲ.."

" အများကြီး.. "

ဆောနူ devil smile လေး ပြုံးလိုက်ကာ
ထပ်မေးလိုက်၏။

" ဒါဆို ဘယ်လို position မျိုးကို သဘော
ကျလဲ၊ မျက်နှာချင်းဆိုင်လား၊ နောက်ကျော
ပေးထားတာမျိုးလား၊ ဒါမှမဟုတ် ကျွန်တော်
က အပေါ်ရောက်နေတဲ့အချိန်.."

ဆောင်းဟွန်းမှာ မခံနိုင်တော့ဘဲ ဆောနူကို
တင်းနေအောင် သိုင်းဖက်ကာ သူ့မျက်နှာကို
ဆောနူ၏ ပုခုံးထဲ ဝှက်ထားတော့၏။

" အား.. ဆောနူက ကိုယ့်ကို ရူးအောင်လုပ်
နေတာ.."

ထိုအခါ ဆောနူက ဆောင်းဟွန်းကို လှောင်
ရယ်ပါ၏။ ‌ဆောင်းဟွန်းက လူကောင်းလေး
ဆိုတော့ သူ့ရဲ့ sexual desire ကို ဖော်ပြရ
မှာ ရှက်လေသည်။ သို့သော် ဆောနူကတော့
ထိုအရာကို ကစားစရာတစ်ခုလို သဘောထား
ကာ ဆောင်းဟွန်းကို မထိတထိ လိုက်စပြီး
သဘောကျနေရော။ သို့ပေမယ့် သူ့မင်းသား
လေး ပျော်နေသရွေ့တော့ ဆောင်းဟွန်းက
ထိုအရာတွေကို ခါးစည်းခံဦးမှာပင်။

When you were in my arms , I was on your shoulder Wo Geschichten leben. Entdecke jetzt