15 ✧⁠*⁠。

748 135 30
                                    

ဖြည်းဖြည်းအေးအေး ဖတ်ပါ။

==================================

ဆောင်းဟွန်း အရောင်လွင်သည့် အဝါရောင်
ရှပ်လက်တိုလေးကို အဖြူရောင် Tee တစ်
ထည်နှင့် ခံဝတ်ထားသည်။ မိုးပြာရောင် ဂျင်းဘောင်းဘီအရှည်က သူ့အရပ်နှင့်ကွက်တိကျ
နေကာ လှေကားမှ ဆင်းလာသည့်တစ်လျှောက် ခြေအိတ်အဖြူစွတ်စွတ်ကို အဖျားလေးသာမြင်
ရသည်။

သိုင်းလွယ်ထားသည့် အိတ်လေးကို ကိုင်ရင်း
ဆောင်းဟွန်း အောက်ထပ်ကို ရောက်တော့
ထမင်းဝိုင်းပြင်နေသည့် မေမေက မော့ကြည့်
လာ၏။

" ဟင်.. ဆောင်းဟွန်းနီး၊ ဘယ်သွားမလို့လဲ ။
ညနေစာ မစားဘူးလား !! "

မေမေက မေးတော့ ဆောင်းဟွန်းက ဖိနပ်စင်က ဖိနပ်တွေကို ဆွဲချပြီး အိမ်ထဲက ပြေးဆင်းရင်း အော်လိုက်လေသည်။

" ဆောနူနဲ့ ဒိတ် !! ညစာမချန်ထားနဲ့တော့ "

" ဟဲ့ ဖြည်းဖြည်း.. ဪ ဒီကလေး "

ခြံထဲရောက် မှ ခုန်ဆွခုန်ဆွနှင့် ဖိနပ်စီးနေသော
သားဖြစ်သူကို တစ်ခုခု ထိခိုက်သွားမည်ကို စိုးရိမ်
သော်လည်း အလွန်တက်ကြွနေပုံကို ကြည့်ကာ
သူမ ရယ်သာရယ်နေလိုက်တော့သည်။

" အဲ့ ရောဂါနဲ့ ဘယ်နေ့ ရူးမလဲမသိဘူး.."

ဆောင်းဟွန်း ပလက်ဖောင်း၏ အစွန်းတွင်
ခြေ‌ဖျားနှင့် ခြေဖဝါးကို နှိမ့်ခြည်မြင့်ခြည်
လုပ်ရင်း သူ့ရှေ့က သုံးထပ်တိုက်ခန်းကို
မော့ကြည့်လိုက်သည်။

ဆောနူကိုရောက်နေပြီ ဖြစ်ကြောင်းစာပို့ပြီးပြီမို့
ဆောနူထွက်လာမည်ကို စောင့်နေခြင်းဖြစ်သည်။

ခဏအကြာ..အရိပ်ကလေးတစ်ခုထွက်လာသည်ကို မြင်တော့ သူ့အပြုံးများဖြန့်ကျက်ကာ လက်ကို အမြင့်ကြီး လွှဲပြလိုက်သည်။

ဆောနူက နက်ပြာရောင်ဂျင်းအပျော့ ရှပ်အင်္ကျီ
ကို အနက်ရောင် စတိုင်ပင်၏ အပေါ်တွင်ထုတ်
ဝတ်ထား၏။ တစ်ခြားအတွဲတွေလိုလည်း ဘာ
ဝတ်မယ်၊ညာဝတ်မယ် တိုက် မထားသောကြောင့်
နေ့နှင့်ည တွဲစပ်မှုလို ဖြစ်နေပေမယ့် ဘာအရေး
လဲ၊ ဆောနူဖြစ်နေဖို့က အဓိက။ ကျန်တာတွေ
ဆောင်းဟွန်း ဂရုစိုက် မနေပါ။

When you were in my arms , I was on your shoulder Where stories live. Discover now