17 ✧⁠*⁠。

922 142 35
                                    


ဆောင်းဟွန်းအား ဆေးရုံခေါ်သွားပြီးနောက် မှ
အဖေနှင့်အမေကို ဂျေး ဖုန်းဆက်လိုက်၏။

မကြာမှီဘဲ ဆောင်းဟွန်း၏ ‌အမေရော ‌အဖေ
ရော ရောက်လာခဲ့ပြီး အမေကတော့ သားနာ
မည်ကိုပဲ ခေါ်ကာ မျက်ရည်တွေကျနေလေ
သည်။

" ဂျုံဆောင်းရေ.. ဘယ်လိုဖြစ်တာလဲ.."

အဖေဖြစ်သူက မေးတော့ ဂျေး ဆောင်းဟွန်း
၏ မျက်နှာလေးကို ငုံ့ကြည့်လိုက်ကာ ဖြေ
လိုက်၏။

" ဆောနူကို သွားရှာတဲ့ပုံပါပဲ။ ဒါပေမယ့်
ဆောနူက အခု နာမည်ကြီး ကုမ္ပဏီမှာ
စာချုပ်နဲ့ trainee ဖြစ်သွားပြီမို့လို့ အဲ့မှာ
ဆက် မနေလောက်တော့ဘူး။ အဲ့တာကို
မသိဘဲနဲ့ သွားရှာရာကနေ.. သတိမေ့နေ
ခဲ့တာ။ ဆေးလည်းချိတ်ထားပြီးပြီမို့လို့
အစားသာ ကောင်းကောင်းကျွေးလို့ရရင်
စိတ်မပူရဘူးလို့တော့ ပြောပါတယ် အဖေ "

ဆောင်းဟွန်းအဖေက သက်ပြင်းချလိုက်ပြီး..

" ဒီကောင်လေး ဘယ်လိုဖြစ်တာလဲ။ ကလေး
လည်း မဟုတ်ဘဲနဲ့.."

" ဆောင်းဟွန်းအတွက် အချိန်လိုအပ်ဦးမယ်
လို့ ထင်ပါတယ် အဖေ၊ ဘာပဲပြောပြော
ကျွန်တော်က သူ့စွဲလမ်းမှုကို အနီးကပ်မြင်ခဲ့
ရတဲ့ လူပဲလေ.."

" ဟုတ်ပါပြီ။ ဒီနေ့ တကယ် ကျေးဇူးတင်ပါ
တယ် ဂျုံဆောင်းရော၊ ဂျောင်ဝန်းရော.."

ဂျောင်ဝန်း ခေါင်းငုံ့၍ ပြန်ပြောလိုက်သည်။

" မဟုတ်တာဗျာ။ ဆောင်းဟွန်းဟျောင်းက
ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပါ"

" ဒါဆို အဖေနဲ့အမေ ဒီမှာ ခဏ နေခဲ့ပြီးတော့
ကျွန်တော် ဂျောင်ဝန်းကို ပြန်ပို့ပေးလိုက်ဦး
မယ်။ ပြီးရင် ချက်ချင်း ပြန်လာခဲ့ပါ့မယ်..
ဂျောင်ဝန်း သွားကြမယ်.."

ချွေးတွေ တဒီးဒီးဖြစ်နေပေမယ့် ရပ်နားဖို့
အစီအစဉ်မရှိတဲ့ ဂျေးကို ဂျောင်ဝန်းကြည့်
လိုက်ရင်း ခြေလှမ်းကျဲတွေနှင့် သွားနေသည့်
ထိုလူနောက် မှ လေးပင်စွာ လိုက်လာခဲ့၏။

" ကားပေါ်တက်၊ လိုက်ပို့ပေးမယ်.."

လှည့်တံခါးကြီးမှ အပြင်ကို ထွက်လိုက်သော
အခါ လူပါးနေပြီး မီးမှိန်မှိန်သာ ရှိသည်။
ဂျေးက ကားတံခါးကို ဆွဲဖွင့်ရန်ပြင်လိုက်
တော့ ဂျောင်ဝန်း၏ အသံထွက်လာသည်။

When you were in my arms , I was on your shoulder Место, где живут истории. Откройте их для себя