ထိုအသံ ထွက်လာတော့ အားလုံးက ပြုံးမိကြပြန်သည်။

ဟေ့ ဒီနေ့ ဘာတွေဖြစ်တာလဲကွ? အမြဲတမ်း အေးစက်စက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ ဗိုလ်ချုပ်စုက ဘာကြောင့် ပျော်ရွှင်ဖို့ ပါဝင်လာရတာတုန်း။

  စုလင်း၏ လင်းယုန်မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်နေတာကြောင့် ရှရွှင်းစစ်က ပိုပြီး ဖိအားတွေ တိုးလာသလို ခံစားလာရသည်။ စစ်မြေပြင်မှာ အောင်ပွဲခံခဲ့တဲ့ စစ်သူကြီးရဲ့ ထူးထူးခြားခြား အရှိန်အဟုန်ကြောင့် ဘယ်လိုငြင်းဆန်ရမလဲဆိုတာကို စဉ်းစားနေချိန်မှာ သူ့နောက်တွင်ရှိနေသော ဟူရှီအန်းက ဦးစွာ ဝင်ပြောလာသည်။ သူက "ဗိုလ်ချုပ်စု... မင်းသမီးလေးက ဆုံးပါးသွားပြီဆိုပေမယ့် အလေးအနက်ထားပြီး ပြောရမယ်ဆိုရင် သူ(မ)က မိန်းခလေးဖြစ်နေသေးတာမို့ သိပ်အဆင်မပြေမှာကို ကြောက်မိပါတယ်"

  ကျွော့ချင်းတစ်ယောက်ကတော့ မျက်လုံးများကို လှိမ့်နေမိတော့သည်။

အလောင်းခွဲစိပ်စစ်ဆေးတာက ပြပွဲ မဟုတ်ဘူးဟ။ နင်တို့က ဘာကို ကြည့်ချင်နေတာလဲ?!

သူမက ကြည့်ရှုဖို့ စိတ်အားထက်သန်တဲ့ လူနှစ်ယောက်ကို လက်ညှိုးညွှန်လိုက်ပြီး "ရှင်တို့နှစ်ယောက်ကို အထဲကို ဝင်ခွင့်မပေးဘူး။ ကြည့်ချင်ရင် အပြင်ကနေ စောင့်ကြည့်"

  "မြန်မြန်စလိုက်ကြရအောင်" ကျွော့ချင်းက ပြောပြီးတာနဲ့ ပိတ်စ ကန့်လန့်ကာကို ဖွင့်ပြီး ဝင်သွားတော့သည်။

  ရှန်ယုလန်က ပိတ်စကန့်လန့်ကာကို ဖြည်းညှင်းစွာ ရုတ်‌သိမ်းပေးလိုက်တာကြောင့် ယန်းဟုန်ထျန်းလည်း လိုက်ဝင်သွားသည်။ ရှရွှင်းစစ်က နောက်မှလိုက်သွားကာ ဟူရှီအန်းကလည်း ဝင်ချင်နေပေမယ့် ရှန်ယုလန်က တားဆီးလိုက်ပြီး သူ့နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်သေးသည်။ ဟူရှီအန်းက ကန့်လန့်ကာအနီးတွင် ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ အလောင်းတွေ မှုန်ဝါးဝါး မြင်နေရသေးသည်။

  လို့ရှီးယန်က သူ့ဘေးနားက စုလင်းကို တစ်ချက်ကြည့်လိုက်သည်။ စုလင်းက သူ့ထိုင်ခုံဆီပြန်သွားမယ်လို့ လို့ရှီးယန်က ထင်ထားခဲ့ပေမယ့် သူ ကန့်လန့်ကာအပြင်မှာ စိတ်ဝင်တစားနဲ့ မတ်တပ်ရပ်နေမယ်လို့ ဘယ်သူက ထင်မိမှာလဲ။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now