ကျွော့ချင်းက သူမနောက်ရှိ ပိတ်စကန့်လန့်ကာကို ငုံ့ကြည့်လိုက်ပြီး ထိုသူ၏ မမေ့နိုင်အောင် လှပသော အကကို ပြန်တွေးနေမိချိန်တွင် ထိုသူကတော့ တဖြည်းဖြည်း အေးစက်တောင့်တင်းလာကာ မြေပြင်ပေါ် လဲလျောင်းနေပြီး ခုနက ရုပ်ပုံလွှာများက မှုန်ဝါးပျောက်ကွယ်သွားခဲ့ပြီပင်။ ကျွော့ချင်းက သူမကို ကာကွယ်ပေးထားသော လို့ရှီးယန်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ လို့ရှီးယန်က သူမအပြုအမူကြောင့် အံ့သြနေစဥ်တွင် သူမက ရှရွှင်းစစ်ဆီသို့ သွားနေသည်။

 သူမက ရှရွှင်းစစ်ရှေ့မှာ ရပ်လိုက်ပြီး သူ့၏ရွံရှာနေသော အမူအရာများကို လျစ်လျူရှုကာ ကန့်လန့်ကာကို ညွှန်ပြရင်း အေးစက်စက်ပြောလိုက်သည်။ "တတိယမင်းသားရဲ့ညီမတော်က သွေးရိုးသားရိုး မဟုတ်ဘဲ သေသွားရတယ်၊ ဆိုလိုတာက သူ(မ)ကို တစ်ယောက်ယောက်က သတ်လိုက်တာ၊ မတရားသဖြင့် သေသွားရတာ၊ သူ(မ)က မတရားသေသွားရပေမယ့် လူသတ်သမားက လွတ်မြောက်သွားနိုင်တယ်။ ဒီလို သေခြင်းတရားကပဲ သူ(မ)အတွက် အရှက်တရားကို ဖြစ်စေမှာ၊ နာကျည်းမှုကြောင့် သူ(မ)က မျက်လုံးပိတ်ပြီး အေးအေးချမ်းချမ်း သေဆုံးနိုင်မှာမဟုတ်ဘူး၊ အလောင်းကို စစ်ဆေးတာ ဒါမှမဟုတ် ခွဲစိတ်စစ်ဆေးတာက သေဆုံးသူကို မရိုသေ မလေးစားတာမျိုး စော်ကားတာမျိုး မဟုတ်ဘူး။ အဲ့ဒိအစား သူ(မ)ကို ကူညီပြီး သူမ ပြောချင်တဲ့အရာတွေကို ပြောပြပေးတာမျိုးပဲ။ သူ(မ)သေဆုံးသွားပုံကို ပြောပြပေးဖို့ သူ(မ)ရဲ့ခန္ဓာကိုယ်ကို အသုံးပြုတယ်လို့ ပြောနိုင်တယ်! သူ(မ)ရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အခု မင်းသားက သူမကို ကာကွယ်နေတာ မဟုတ်ဘူး၊ သူ(မ)အတွက် အမှန်တရားကို မပြောနိုင်ဖို့ တားဆီးနေတာ"

  အေးစက်စက်အသံက စိတ်အားထက်သန်နေတာမျိုး မဟုတ်ပေမယ့် ခန်းမထဲက လူတိုင်း ရှင်းရှင်းလင်းလင်းကြားရလောက်အောင် လုံလောက်နေသည်။ ဒီအချိန်မှာ တိုက်ဆိုင်မှုလား၊ သဘာဝလွန်အရာတခုခုရှိနေတာလား မပြောနိုင်ပေမယ့် ရုတ်တရတ် ခန်းမအဝင်ဝမှ အေးစက်သောလေစီးကြောင်းတစ်ခုက ခန်းမတစ်လျှောက် ဝင်ရောက်လာပြီး ခန်းမဆောင်၏ ရွှေကော်ဇော တစ်ဖက်တစ်ချက်စီနှင့် အနီးဆုံး ဖယောင်းတိုင်တန်းမှ ဖယောင်းတိုင်များအားလုံး မီးငြိမ်းသွားခဲ့သည်။ လေက အလောင်းရှိရာ ဒုတိယစင်မြင့်ကို ရောက်တာတောင် မရပ်သွားသေးဘဲ ကာထားသော ပိတ်စများကို လွင့်မျောနေစေခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now