ယခု သတင်းထောက်တွေက ရုတ်တရက်ဆိုသလို ဗိုလ်ချုပ်အကြောင်း၊ အမျိုးသမီးတစ်ယောက်၏မြင့်မြတ်မှုနှင့် မဆုတ်မနစ်ဇွဲတို့အကြောင်း ပြောလာသောအခါ နဉ်ရှီလည်း စိတ်ရှုပ်ထွေးသွားရသည်။ သို့တိုင် သူမအနေနှင့် မည်မျှပင်စိတ်ရှုပ်ထွေးနေပါစေ မျက်နှာမှာပေါ်လွင်စေ၍မဖြစ်ပေ။ သူမက သတင်းထောက်တွေကို ပြုံးပြလိုက်သည်။ “တောင်းပန်ပါတယ်ရှင်၊ မိတ်ကပ်ပြင်ဖို့ ရိုက်ကွင်းကို အပြေးအလွှားသွားရအုံးမှာ၊ အားလုံးပဲ ခဏလောက်နားလိုက်ကြပါလား၊ ကျွန်မ ပထမဆုံးရိုက်ရမဲ့ဇာတ်ကွက်ပြီးတာနဲ့ ရှင်တို့ရဲ့မေးခွန်းတွေကို လာဖြေပေးမယ်လေ..”

သတင်းထောက်များက သူမဘေးရှိ ဗလတောင့်တောင့် ဘော်ဒီဂတ်နှစ်ယောက်နှင့် သူမကိုကာကွယ်ပေး‌နေသော ချန်းရှီကွေ့ကိုတွေ့တော့ မတတ်သာစွာနှင့် ခေါင်းညိတ်ပြရန်သာရှိတော့သည်။ အနည်းဆုံးတော့ သူတို့၏အင်တာဗျူးကို မငြင်းပယ်သွားခဲ့ပေ။ သူတို့အနေနဲ့ သတင်းတစ်ခုခုရနိုင်သရွေ့ ဘယ်လောက်ကြာကြာစောင့်နိုင်ပေသည်။

ချန်းရှီကွေ့သည် ကနဦးက ထွက်သွားရန် ပြင်ထားခဲ့သော်လည်း လက်ရှိအခြေအနေအရ သတင်းထောက်တွေအတွက် သောက်စရာတစ်ခုခုဝယ်လာရန် ဘော်ဒီဂတ်တစ်ယောက်ကို ညွှန်ကြားခဲ့ပြီး နဉ်ရှီကို ရိုက်ကွင်း၌ အဖော်ပြုပေးရတော့သည်။

“နဉ်လောင်ရှီး၊ မစ္စတာချန်း၊ မင်္ဂလာနံနက်ခင်းပါ”

“မင်္ဂလာနံနက်ခင်းပါ”

ရိုက်ကူးရေးအဖွဲ့သားများက သူမကို မျက်ဝန်းတောက်တောက်တို့ဖြင့် ကြည့်နေတာကိုမြင်တော့ နဉ်ရှီ၏သံသယတို့က တရိပ်ရိပ်တက်လာတော့သည်။ သူမ မိတ်ကပ်ပြင်ခန်းထဲ ဝင်သွားလိုက်သည်။ မိတ်ကပ်ဆရာများက ကော်ကျစ်အတွက် မိတ်ကပ်ပြင်ပေးနေသည်။ သို့ပေသိ နဉ်ရှီကို တွေ့လိုက်သည်နှင့် သူတို့ထဲကတစ်ယောက်က လုပ်လက်စကိုပစ်ထားပြီး သူမဆီသွားကာ နှုတ်ဆက်စကားပြောတော့သည်။

အဖွဲ့ထဲတွင် မိတ်ကပ်ပညာရှင်အနည်းငယ်ရှိ၏။ အချို့က အရန်ဇာတ်ကောင်များ၊ ဇာတ်ပို့ဇာတ်ကောင်များကို တာဝန်ယူရကာ အခြားသူတွေကတော့ ဇာတ်လိုက်တွေကို တာဝန်ယူရ၏။ ဇာတ်လိုက်တွေ၏မိတ်ကပ်ကို ပြင်ဆင်ပေးနေသည့် မိတ်ကပ်ဆရာက နဉ်ရှီ ထောင့်တစ်နေရာမှာ စောင့်နေတာကို မြင်တော့ ကော်ကျစ်ကို မြန်မြန်မိတ်ကပ်ပြင်ပေးလိုက်ပြီး နဉ်ရှီဆီ တချိုးတည်းပြေးသွားတော့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now