Translated by Melinoe_Megami
[Unicode]
အခန်း - (၆၃/၂)
ထိုအခါမှသာ နဉ်ရှီကို အခန်းလိုက်မပြရသေးမှန်း ချန်းရှီကွေ့ သတိရသွားသည်။ သူက အေပရွန်ကို ကပျာကယာ ဆွဲချွတ်ကာ နဉ်ရှီကို အိမ်အပေါ်ထပ်သို့ ခေါ်သွားလိုက်၏။
ဘန်ဂလိုသဘောမျိုး ဆောက်လုပ်ထားသော်လည်း မြက်ခင်းပြင်က ခြံဝင်းတစ်ဝက်နီးပါးကို နေရာယူထားသဖြင့် အိမ်က သိပ်မကြီးပေ။ အပေါ်ထပ်တွင် အိပ်ခန်းနှစ်ခန်းနှင့် စာကြည့်ခန်း၊ Gym အခန်း စသည့်အခန်း ၄ ခန်းသာ ရှိလေသည်။
“မင်း ဘယ်လိုဒီဇိုင်းကြိုက်လဲမသိလို့ ကိုယ် အိပ်ရာခင်းနဲ့ လိုက်ကာတွေပဲ လဲခိုင်းထားတယ်..” ချန်းရှီကွေ့က ပင်မအိပ်ခန်းဘေးမှ အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ အတွင်းပိုင်းတွင် ပရိဘောဂများက ရိုးရိုးရှင်းရှင်းသာ။ အခန်းထောင့်တစ်နေရာမှာတော့ လီလီပန်းများ ဝေဆာအောင် ထိုးထားသည့် ပန်းအိုးတစ်အိုးဖြင့် အလှဆင်ထားလေသည်။
“လှလိုက်တာ..” နဉ်ရှီက အိစက်နေသော ကြမ်းခင်းပေါ်သို့ လှမ်းလိုက်သည်။ ပြီးနောက် ပြုံးလိုက်ရင်း.. “အရမ်းသဘောကျတာပဲ..”
“ဒီလိုကြားရတော့ ကိုယ်လည်း ပျော်တယ်..” ချန်းရှီကွေ့က နဉ်ရှီထံသို့ ကားသော့၊ အိမ်သော့၊ အခန်းသော့နှင့် ကွန်ပြူတာ Password ကမ်းပေးလာသည်။ “ဒီနေရာရဲ့ ပိုင်ရှင်လိုမျိုး ကိုယ့်ကိုယ်ကို သဘောထားလိမ့်မယ်လို့ ကိုယ် မျှော်လင့်ပါတယ်..”
နဉ်ရှီက အပြုံးလေးဖြင့် ချန်းရှီကွေ့ကို ငေးကြည့်နေမိသည်။ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက်.. “သေချာတာပေါ့..” နဉ်ရှီက ပန်းပွင့်များကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် နားထင်ကို ပွတ်သပ်လိုက်ရင်း.. “ကျွန်မ နည်းနည်းအိပ်ငိုက်လာလို့ တစ်ရေးလောက် အိပ်လိုက်ဦးမယ်.. ရှင်လည်း အနားယူသင့်ပြီနော်..”
ပင်ပန်းနွမ်းနယ်နေသော နဉ်ရှီကိုကြည့်ပြီး ချန်းရှီကွေ့လည်း မနှောင့်ယှက်ရက်တော့ပေ။ “အနားယူတော့လေ.. ကိုယ် ဘေးအခန်းမှာ ရှိနေမယ်.. ကိစ္စတစ်ခုခုရှိရင် အချိန်မရွေး ခေါ်လိုက်နော်..”
ESTÁS LEYENDO
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
FantasíaOriginal Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!