[Unicode]
လူအချို့က သူတို့စိတ်ထဲကျိန်ဆဲနေကြချိန် အမြင်စူးရှသည့် မားကတ်တင်းမန်နေဂျာကတော့ ဘော့စ်ရဲ့မျက်နှာထားက ရုတ်တရက်ပြောင်းလဲသွားတာကို သတိထားမိလိုက်သည်။
*အဲ့ဒါ ဘော့စ်ရဲ့ ပါဆင်နယ်ဖုန်းများလား?*
“ဒီစီမံကိန်းကို ပြန်စဉ်းစားထားကြ။ ပြီးရင် ကျုပ်ကို နှစ်ရက်အတွင်း ပြန်လာပေးထားလိုက်ပါ” သူ့ဖုန်းစခရင်ထက်တွင် စာလုံးနှစ်လုံးက အထင်းသားပေါ်နေသည်ကို တွေ့လိုက်သည်။ အမှုမဲ့ အမှတ်မဲ့ပင် ချန်းရှီကွေ့၏ ရေခဲတမျှအေးစက်နေသော မျက်နှာထားက နွေဦးကိုကြိုဆိုနေသည့်အလား အရည်ပျော်ကျသွားသည်။ သူ့လေသံတောင် ပို၍ညင်သာလာသည်။
လူအချို့က လိမ္မာပါးနပ်စွာဖြင့် မတ်တပ်ရပ်လာကြကာ သူဌေးကိုယ်တိုင်က ပက်ပက်စက်စက် ဝေဖန်ထားသည့် စားပွဲပေါ်က စီမံကိန်းလေးကိုယူလို့ သုတ်တီးသုတ်ပျာနှင့် အသော့နှင်ကြတော့သည်။
တံခါးဝနားတွင် မားကတ်တင်းမန်နေဂျာက စပ်စပ်စုစုနှင့် တစ်ချက်လှည့်ကြည့်လိုက်သေးသည်။ သူဌေးကသူတို့ကိုကျောခိုင်းထားပြီး ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေသော်လည်း သူ့အသံကညင်သာယုယလွန်းနေသည်မှာ ရေညှစ်၍ပင်ရသည်။
“မင်းအလုပ်ပြီးပြီလား?"
သူဌေး၏အတွင်းရေးမှူးက တံခါးနားမှာ ရပ်နေဆဲဖြစ်ရာ မားကတ်တင်းမန်နေဂျာက ဆက်နားထောင်ရန် မသင့်တော့ပေ။ သူကရွှီကျိုးကို ဝတ်ကျေတမ်းကျေပြုံးပြလိုက်ပြီး လှည့်ထွက်သွားလေ၏။
ရွှီကျိုးကပြန်ပြုံးပြလိုက်ပြီး ရှေ့ကိုကိုင်းလို့ ရုံးခန်းတံခါးကို ပိတ်လိုက်ကာ သူ့သူဌေးအား ကိုယ်ပိုင်အချိန်လေးပေး၍ ထားရစ်ခဲ့သည်။
“ကျွန်မ အခုလေးတင် ရိုက်ကူးရေးပြီးသွားတာ။ ပြီးရင် အစီအစဉ်တစ်ခုရိုက်ကူးဖို့ ရုပ်သံဌာနကိုသွားရမယ်။ ကျွန်မ ရှင့်အလုပ်ကို နှောင့်ယှက်သလို မဖြစ်သွားပါဘူးနော်?” နဉ်ရှီကနာနေတဲ့လည်ပင်းကို ဆန့်လိုက်ပြီး ပို၍သက်သာသော အနေအထားကိုပြောင်းလိုက်သည်။ သူမ၏မိတ်ကပ်ပညာရှင်က သူမ၏ဆံထုံးကို ဖြည်ပြီးနောက်တွင်တော့ သူမခေါင်းကပိုပေါ့သွားသလို ခံစားလိုက်ရပြီး စိတ်လက်ပေါ့ပါးသွားရ၏။
आप पढ़ रहे हैं
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
काल्पनिकOriginal Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!