Chapter [2]

2.6K 191 0
                                    


Unicode

နဉ်ရှီက တက္ကစီငှားပြီး ကုမ္ပဏီသို့ သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်အတွင်း မြေညီထပ်၌ စောင့်နေသော ကျန်းချင်းယွင်ကို တွေ့လိုက်ရလေ၏။ ကျန်းချင်းယွင်မှာ အသက် ၃၀ ခန့်သာ ရှိသေးသော်လည်း ယုံကြည်ကိုးစားလောက်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

သူမက သူ့ကိုမြင်သည့်အချိန် သူကလည်း သူမကို သတိထားမိသွားသည်။ လက်ထဲမှ စီးကရက်အတိုလေးကို ဘေးနားမှာရှိနေသည့် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး နဉ်ရှီအနားသို့ လျှောက်လာခဲ့သည်။

"ထင်ထားတာထက် ဆယ်မိနစ်စောနေတာပဲ.."

"လူတွေကို စောင့်နေရအောင် မလုပ်တာက ကျွန်မရဲ့ပြယုဒ်တစ်ခုပဲ.."

နဉ်ရှီက ပြုံးကာ ကြီးကျယ်ခမ်းနားလွန်းသည့် အဆောက်အအုံကြီးကို မော့ကြည့်လိုက်သည်။

သူမ၏အကြည့်ကို သတိထားမိတာကြောင့် ကျန်းချင်းယွင်က စကားဆိုလာခဲ့သည်။

"၁၃ ထပ်ကနေ ၁၅ ထပ်အထိက ကျွန်တော်တို့ကုမ္ပဏီရဲ့ ရုံးခန်းတွေပဲ.. သူဌေးက ဒီနေ့မနက် ဖုန်းဆက်လာခဲ့တယ်.. မင်းနဲ့တွေ့ချင်တယ်တဲ့.."

နဉ်ရှီက ခေါင်းညိတ်ပြလိုက်ပြီး သူနှင့်အတူ ဓာတ်လှေကားရှိရာသို့ လျှောက်သွားလိုက်သည်။ ကျန်းချင်းယွင်က ၁၅ ထပ်ကို နှိပ်လိုက်တာကြောင့် နဉ်ရှီလည်း သူမ၏နဖူးပေါ်မှ ဆံပင်စများကို သပ်တင်လိုက်ပြီး..

"မစ္စတာလီနဲ့ တိုက်ရိုက်တွေ့ရမှာလား..?"

"ဟုတ်တယ်.." ကျန်းချင်းယွင်က ခေါင်းညိတ်ပြလိုက်သည်။ "လျိုခွင်းက သရုပ်ဆောင်အများကြီးကို ကိုင်တွယ်နေရတာဆိုတော့ မင်းအတွက် ကျွန်တော် တာဝန်ယူပေးရမှာ.."

နဉ်ရှီနှင့် စာချုပ်ချုပ်ဆိုထားသည့်လူမှာ လျိုခွင်းသာ။ သို့သော်လည်း ကျန်းချင်းယွင်က အမျိုးသမီးသရုပ်ဆောင်များနှင့် ပက်သက်ပြီး အတွေ့အကြုံပိုရှိတာကြောင့် နဉ်ရှီအတွက် ပို၍သင့်တော့သည်။

"အဲ့လိုမှတော့ အစ်ကိုကျန်းကိုပဲ အလုပ်ရှုပ်စေတော့မယ်.."

နဉ်ရှီက ပြုံးပြလိုက်သည်။ ထိုအပြုံးကိုကြည့်ရင်း ကျန်းချင်းယွင်က အသာခေါင်းညိတ်ပြလိုက်သည်။ တခြားအရာများထက် နဉ်ရှီ၏အလှတရားနှင့် စိတ်သဘောထားက အလွန်ကျေနပ်စရာကောင်းသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now