Chapter [6]

1.6K 163 0
                                    

[Unicode]

သူမ၏ microblogging အကောင့်တွင်ရှိသည့် ရိုးရှင်းလှသော 'နဉ်ရှီ' ဆိုသည့်နာမည်ကိုကြည့်ကာ တစ်ခဏမျှ စဥ်းစားနေပြီး မေးလိုက်သည်။

"အကိုကျန်း အကယ်၍လေ ဒီအကောင့်က ကျွန်မ နာမည်ကို 'နဉ်ရှီ ဖက်ထုပ်စားရတာ ကြိုက်တယ်' ဆိုတဲ့ နာမည်ကို ချိန်းလိုက်ရင် ဖန်တွေပိုရလာမယ် ထင်လား?"

"မင်း ဘာကို ပြောချင်တာလဲ?'စားရတာကို ကြိုက်တယ်?' မဟုတ်မှလွဲ မင်းက foodie တစ်ယောက်လား?"

ကျန်းချင်းယွင် သူမြင်နေရတာကို မေးခွန်းထုတ်ချင်လာမိသည်။ ခေါင်းအစခြေအဆုံး နတ်ဘုရားမ တစ်ယောက်လိုမျိုးထင်ရတဲ့လူက ဘယ်လိုတောင် တစ်ခါတလေ ယုံနိုင်စရာကို မရှိတာတုန်း?

"ကျွန်မ အတည်ပြောနေတာ မဟုတ်ပါဘူး,ဒီတိုင်း အကြံပြုကြည့်ရုံပဲ"

သူမအကြံအဉာဏ်ကို သိပ်ပြီးအကောင်းမြင်တဲ့ပုံ မရှိသည့်အပေါ် နဥ်ရှီက စိတ်ထဲမထားပါချေ။ ကွန်ပျူတာကို အားသွင်းလိုက်ကာ သူမ၏ weibo အကောင့်ကို သူ့အား ထိန်းချုပ်ခွင့်ပေးလိုက်သည်။

"ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ မရေးထားပေမယ့်လည်း ,ကုမ္ပဏီမှာရှိတဲ့ တက်သစ်စတွေက သူတို့ သဘောကျသလို ပို့စ် တင်လို့မရဘူး" ဟု
ကျန်းချင်းယွင် ပြောလိုက်သည်။

ဤသို့ဖြစ်လာရသည့် အဓိက အကြောင်းအရင်းမှာမူ လူသစ်များ၏ ဉာဏ်ရည်သည် စီမံခန့်ခွဲမှုအပိုင်းတွင် ဒွိဟဖြစ်တတ်ကြပြီး အွန်လိုင်းတွင် ပြဿနာများ ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ကျန်းချင်းယွင်သည် နဉ်ရှီ၏ ပိုစ့်များ ကုမ္ပဏီ၏ စီနီယာများကိုထိခိုက်မည် စိုးသဖြင့် "ငါဒီကိစ္စကို မပြောချင်ပေမယ့်လည်း မင်းweiboမှာပို့စ့်တင်မယ်ဆို အရမ်းသတိထားရလိမ့်မယ်" ဟုဆိုလိုက်၏။

နဉ်ရှီ ခေါင်းငြိမ့် လိုက်သည်။ fb ဒါမှမဟုတ် weiboတွေမှာ မသင့်လျော်တဲ့စကားတွေ ရေးပြီးတင်သည့် သရုပ်ဆောင်များအကြောင်းကို သူမကြားပြီးပြီ ဖြစ်သောကြောင့် ထိုစည်းမျဥ်းစည်းကမ်းများနှင့်ပတ်သတ်ပြီး ကျန်းချင်းယွင်ကို သဘောတူလိုက်၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now