[Unicode]
အခန်း(၈၆)
နောက်တစ်နေ့တွင် ချွီမိသားစုကော့တေးပါတီပွဲကို နဉ်ရှီနှင့်ချန်းရှီကွေ့အတူတက်ရောက်ခဲ့သည့်သတင်းက ဖျော်ဖြေရေးကဏ္ဍ၏ထိပ်စီးတွင် နေရာယူသွားတော့၏။ သတင်းထဲတွင် စုံတွဲက တရင်းတနှီးရှိကြပြီး အလွန်အမင်း မေတ္တာသက်ဝင်နေကြပုံရ၏။ ထိုပုံများကို မြင်လိုက်သည့်သူတိုင်း သူတို့နှစ်ယောက်ကြား ကိုယ်ပျောက် ပန်းရောင်ပူဖောင်းတွေအမြောက်အမြား ရှိနေသလို ခံစားသွားကြရလိမ့်မည်။
လူအများစုက ရှိုးကို ပျော်ပျော်ကြီးခံစားနေကြသော်လည်း ဖန်တွေကတော့ သက်ပြင်းကြိတ်ချကုန်ကြ၏။ ဒီမတိုင်ခင် နဉ်ရှီက သူမအမေသေဆုံးမှုနှင့်ပတ်သက်၍ တိုင်ချက်ဖွင့်ခဲ့သည့်သတင်းက ကျယ်ပြန့်စွာဆွေးနွေးခံနေရစဉ် “အတွင်းလူများ” ဟူ၍ သူတို့ကိုယ်သူတို့ကြေညာထားကြသော လူအချို့က နဉ်ရှီဟာ ချန်းမိသားစုကို လက်ထပ်ဝင်ရောက်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ကောလာဟလဖြန့်ခဲ့သည်။ နဉ်ရှီ၏နောက်ခံက ချန်းမိသားစု၏အဆင့်အတန်းနှင့် အလွန်တရာဝေးကွာနေနှင့်တာတောင် သူမမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်က ရှိလိုက်သေးသည်။ မည်သည့်ဂုဏ်သရေရှိမိသားစုက ဤကဲ့သို့သောချွေးမမျိုးကို သူတို့မိသားစုထဲ ဝင်ခွင့်ပြုမည်နည်း?
နတ်ဘုရားမ၏ဖန်များက ထိုမှတ်ချက်များကို ပြန်လည်တုံ့ပြန်ခဲ့သေးသည်။ သို့သော်လည်း ဤရက်များအတွင်း နဉ်ရှီက အိမ်မှာပဲရှိနေခဲ့ပြီး မီဒီယာက သူမကို ရှာမရကြပေ။ ထို့ကြောင့် ကိစ္စက ဘာဆက်ဖြစ်သွားလဲဆိုတာကို ဘယ်သူမှမသိကြတော့ဘဲ တဖြည်းဖြည်းနှင့် တချို့လူတွေဆိုလျှင် နဉ်ရှီက ချန်းရှီကွေ့နှင့်လမ်းခွဲပြတ်စဲတော့မည်ဟု ခံစားလာကြတော့သည်။ အချို့က လမ်းခွဲလိုက်ခြင်းအပေါ် ပူဆွေးကြေကွဲနေကြပြီး တခြားသူတွေကတော့ နဉ်ရှီက အမေအတွက် အကူအညီရှာပေးရန်အတွက်နှင့် စွန့်လွှတ်ခဲ့ရသည်မှာများလွန်းသဖြင့် သနားဂရုဏာဖြစ်မိကြသည်။ ထို့ပြင် ချန်းရှီကွေ့က ဤကိစ္စတွေကို စိတ်ထဲမထားဘဲ နဉ်ရှီကို ဆက်ပြီးကောင်းကောင်းဆက်ဆံပေးရန် မျှော်လင့်နေကြသူများလည်းရှိသေးသည်။
BINABASA MO ANG
နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️
FantasyOriginal Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(completed) I do not own any of this novel. All credits go to original author. Collaborative Work!!!