Chapter [76.1]

852 122 2
                                    

Translated by Melinoe_Megami

[Unicode]

အခန်း - (၇၆/၁)

‘The Unrivalled 2’ အတွက် ပရိုမိုးရှင်းပွဲက တကယ့်ကို အောင်မြင်ခဲ့သည်။ ရုပ်ရှင်ရုံကြီးများတွင် စတင်ပြသချိန်မှစ၍ တစ်နေ့တာအတွက် ပွဲပြသချိန်ပေါင်းများစွာ စီစဉ်ခဲ့ရပြီး ထိုင်ခုံဝယ်ယူမှုနှုန်းကလည်း ဆက်လက်မြင့်တက်နေလေ၏။ တချို့ပရိသတ်များဆိုလျှင် နေ့လည်ခင်းထဲက ရုပ်ရှင်ရုံရောက်လာသော်လည်း ညပိုင်းလက်မှတ်သာ ဝယ်ယူနိုင်ကြသဖြင့် ကွန်ပလိန်းတက်လာကြတော့သည်။

ရုပ်ရှင်ထဲတွင် နဉ်ရှီက တရုတ်ပြည်သူ့ရဲအဖြစ် သရုပ်ဆောင်ထားသည်။ ထိုရဲမေလေးသည် ဉာဏ်ကောင်းထက်မြက်ရုံသာမက အဓိကဇာတ်လိုက်၏ အဖွဲ့အတွက် အရေးကြီးသော တွဲဖက်တစ်ယောက်လည်း ဖြစ်၏။ တရုတ်ပရိသတ်များကို ဆွဲဆောင်နိုင်ရန် အတွက် ထိုဇာတ်ကောင်ကို ဖန်တီးခဲ့သော်ငြား ဇာတ်ကောင်၏သရုပ်က အတော်လေး ဆွဲဆောင်မှုရှိသည်။ ထို့အပြင် နဉ်ရှီသည် ကိုယ်အလေးချိန်တိုးအောင် ကြိုးစားလေ့ကျင့်ပြီး ရိုက်ကူးခဲ့သဖြင့် အစ်မကြီးတစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်လွှတ်နေပြီး ပရိသတ်မိန်းမငယ်လေးများကို ဆွဲဆောင်နိုင်ခဲ့လေသည်။ သူတို့၏ နှလုံးသားနုနုလေးများကို ရင်ခုန်သံမြန်လာအောင် ပြုစားနိုင်ခဲ့သေလည်။

ဇာတ်လမ်းအဆုံးတွင် ဇာတ်လိုက်မင်းသမီး၏ မခွဲခွာချင်သော အကြည့်အောက် အမိနယ်မြေပြန်သွားသော တရုတ်ရဲမေအလှလေးသည် သေနတ်ပစ်စကေးနှင့် ကားမောင်းစွမ်းရည်ကို ဖော်ပြသွားသေး၏။ ဤသဘောကား အကယ်၍ နောက်ဆက်တွဲဇာတ်လမ်း ဆက်ထွက်ခဲ့သော်ရှိသော် နဉ်ရှီ၏ ရဲမေဇာတ်ကောင် ပြန်လည်ပါဝင်လာဦးမည်ဟု ဆိုလိုနေခြင်းပင်။

နိုင်ငံတကာရုပ်ရှင်တွင် အရေးကြီးဇာတ်ကောင်အဖြစ် ပါဝင်နိုင်ခဲ့ပြီး ထိုဇာတ်ကောင်ကလည်း လူစိတ်ဝင်စားမှု များပြားနေသဖြင့် ပြည်တွင်းတွင် နဉ်ရှီ၏ အနုပညာကြေးက တဟုန်ထိုး မြင့်တက်သွားခဲ့သည်။

အထူးသဖြင့် ‘The Unrivalled 2’ က တရုတ်ပြည်၏ Box Office တွင် RMB 900 million အထိ မြင့်တက်သွားခဲ့ရာ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများပင် မနာလိုဖြစ်ကြရသည်အထိ။ ‘The Unrivalled 2’ က 3D ရုပ်ရှင်ဖြစ်ပြီး သာမာန်ရုပ်ရှင်များထက် လက်မှတ်ဈေးများသည်။ သို့တိုင် Box Office တွင် တစ်ပတ်အတွင်း ဤမျှအောင်မြင်မှုရခဲ့သဖြင့် လူတိုင်း လက်ဖျားခါသွားရသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Nơi câu chuyện tồn tại. Hãy khám phá bây giờ