Chapter [39]

1.2K 145 62
                                    

[Unicode]

တံခါးကပွင့်သွားကာ တကျွိကျွိမြည်သံထွက်လာသည်။ ချန်းရှီကွေ့က ခေါင်းထောင်လာပြီး တစ်ကိုယ်လုံးဆင်ယင်ပြီးသွားသော နဉ်ရှီက သူ့ဆီလျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။

သူမ၏ခါးလှလှလေးက မိုးမခပင်ပမာ... လှိုင်းတွန့်ဆံပင်ရှည်ကို ကျောပေါ်‌တွင် လျော့ရဲရဲ ဖြန့်ချထားသည်က သူမ၏ဆီးနှင်းသဖွယ်အသားအရေနှင့် ပလဲနံပသင့်လှကာ အဆုံးမရှိကြော့ရှင်းရည်မွန်ခြင်း ဟူသော အငွေ့အသက်ကို ပေးစွမ်းနေလေသည်။

ဖက်ရှင်အကျဆုံးဆိုသည်ကား လိုက်ဖက်ညီခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ နဉ်ရှီ၏ပုံပန်းသွင်ပြင်က ပြီးပြည့်စုံနေ၍သာ။ ချန်းရှီကွေ့က တဒင်္ဂမျှ သတိလက်လွတ် ငေးမောနေမိသည်။ နဉ်ရှီက သူ့အရှေ့တည့်တည့်ရောက်နေတာကို မသိလိုက်ခင်ထိပင်။ သူ့လက်မောင်းကို ကွေးပေးလိုက်သည်။ “ဒီနေ့ မင်း‌ ပိုလို့တောင် မှင်သက်ဖွယ်ကောင်းနေတယ်”

“ကျေးဇူးပါ” နဉ်ရှီက သူ့လက်မောင်းတဝိုက်တွင် လက်ကို ခပ်ဖွဖွချိတ်လိုက်ရင်း သိမ်သိမ်မွေ့မွေ့လေး ပြုံးလိုက်သည်။ ဤအခိုက်အတန့်တွင် နဉ်ရှီက သူမ၏ သစ္စာရှိသူရဲကောင်းကို နောက်ဆုံးတွင် အကြည့်တစ်ချက်ပေးရန် ခေါင်းငုံ့လာသည့် မြင့်မြတ်သောဘုရင်မတစ်ပါးအလားပင်။

ချန်းရှီကွေ့က ကိုယ်ကိုကိုင်းညွှတ်ရင်း ပူးပေါင်းဆောင်ရွက်ပေးလိုက်ကာ အသံဩဩဖြင့် ပြောလိုက်၏။ “ကိုယ့်ရဲ့အရှင်မခင်ဗျာ... ကျေးဇူးပြုပြီး စီးတော်ယာဉ်ပေါ်မှာ ထိုင်တော်မူပါ"

နဉ်ရှီ၏ခေါင်းက အတန်ငယ်ငုံ့သွားသည်။ ပြီးနောက် သူမက အပြုံးမမည်သောအပြုံးလေး ပြုံး၍ ပြောလိုက်သည်။ “တို့ကိုခစား‌ခွင့်ပေးတယ်.. အရှင်မရဲ့သစ္စာရှိ‌သူရဲကောင်းလေး” သူမပြောပြီးသည်နှင့် ချန်းရှီကွေ့က နာခံမှုအပြည့်ဖြစ်နေတာကို မြင်လိုက်ရသောအခါ မရယ်မိဘဲ မနေနိုင်တော့ပေ။

ရိုက်ကွင်းတွင် ပစ္စည်းများက ဟိုတစ်စ ဒီတစ်စ ပျံ့ကြဲနေသည်။ နဉ်ရှီကဒေါက်မြင့်ဖိနပ်စီးထား၍ သူမပြုတ်ကျသွားမည်ကို ချန်းရှီကွေ့က စိုးရိမ်နေ၏။ ထို့ကြောင့် နဉ်ရှီသူ့ကို ဖက်တွယ်ထားပြီး ချန်းရှီကွေ့က တစ်လှမ်းစီ ဖြည်းဖြည်းချင်းလျှောက်နေ၏။ သူက အရမ်းသတိထားလွန်းလို့ ခြေလှမ်း,လှမ်းသည့် လှုပ်ရှားမှုကတောင် သိသာနေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now