Chapter [32.1]

1.2K 132 0
                                    

Translated by Melinoe_Megami

[Unicode]

“အရင်ရက်တွေတုန်းကတော့ မိုးရွာနေပြီး ဒီနေ့ကျတော့ နေသာနေပါလား..” ဇာတ်ညွှန်းဆရာလင်းယန်နှင့် နဉ်ရှီတို့နှစ်ယောက် နေရောင်ခြည်ဒဏ်ကာကွယ်ရန် ထီးအရိပ်ခိုနေကြလေသည်။ ရိုက်ကွင်းထဲမှ သရုပ်ဆောင်များကို လှမ်းကြည့်ရင်း လင်းယန်က နဉ်ရှီဘက်လှည့်ကာ.. “သူတို့တွေက အနုပညာကောလိပ်က ကျောင်းသားတွေဆိုပေမယ့် အတွေ့အကြုံနုသေးတာပဲ..”

တစ်ဖက်မှာတော့ နဉ်ရှီ၏သရုပ်ဆောင်စွမ်းရည်ကြောင့် လင်းယန်က နဉ်ရှီအပေါ် ထင်မှတ်မထားအောင် လေးစားနေမိတော့သည်။ နဉ်ရှီဟာ အနုပညာကျောင်းဆင်း မဟုတ်ပါသော်လည်း သရုပ်ဆောင်ရာတွင် အလွန်ပရော်ဖက်ရှင်နယ်ဆန်၍ အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်၏။ မဖြစ်မနေ လူစားထိုးရသည်မှလွဲ၍ တော်တော်များများကို သူမကိုယ်တိုင် သရုပ်ဆောင်သည်။ လက်ရှိအနုပညာလောကတွင် သရုပ်ဆောင်အနည်းငယ်သာ ထိုသို့ဒူပေနာပေခံကြပေသည်။

“သူတို့က ငယ်ရွယ်သေးတာကိုး.. နောက်ပိုင်း သရုပ်ဆောင်ပါများလာရင် ပိုတော်လာကြမှာပါ..” နဉ်ရှီ ရယ်မောလိုက်ရင်း.. “ကျွန်မက သူတို့တွေထက် နှစ်အနည်းငယ်လောက် အတွေ့အကြုံပိုများခဲ့ရုံပါ..”

သူတို့နှစ်ယောက် စကားလက်ဆုံကျနေစဉ်၊ သရုပ်ဆောင်အသစ်လေးက သူတို့ကိုနှုတ်ဆက်ရန် လျှောက်လာသည်ကို မြင်လိုက်ရလေသည်။ ထိုမိန်းကလေး၏ဟန်ပန်က ရိုသေလေးစားမှုအပြည့်။ ချန်းရှီကွေ့က နဉ်ရှီဟာ သူ့ရဲ့သူငယ်ချင်းဖြစ်ကြောင်း Weibo ပေါ်တွင် ပေါ်တင်ကြေညာပြီးကတည်းက လူတော်တော်များများ နဉ်ရှီအပေါ် ယဉ်ကျေးပျူငှာလာတော့သည်။ ထိုသရုပ်ဆောင်လေးကဲ့သို့ ကုမ္ပဏီတူသရုပ်ဆောင်များပင်လျှင် နဉ်ရှီကိုမြင်သည်နှင့် မဖြစ်မနေ ပြုံးရယ်ပြကြလေသည်။

ရိုသေလေးစားသည်ထက် ပို၍ဆီလျော်အောင် သုံးနှုန်းရလျှင် သူမ၏နောက်ခံ ချန်းရှီကွေ့ကို အပြစ်လုပ်မိမှာ စိုးထိတ်နေကြခြင်းပင်။ နဉ်ရှီလည်း ထိုသဘောတရားကို ကောင်းကောင်းနားလည်နေတာကြောင့် ယခုလိုအခြေအနေမျိုးကို ခပ်တည်တည် ရပ်ဆိုင်နိုင်နေပြီဖြစ်သည်။ တစ်ဖက်လူကြောင့် ရှက်အမ်းအမ်းမဖြစ်တော့ပါချေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now