Chapter [74.1]

926 114 3
                                    

[Unicode]

Translated by Melinoe_Megami

အခန်း - (၇၄/၁)

S မြို့တော်သို့ လေကြောင်းခရီးဖြင့် အချိန်ခဏသာ ကြာ၏။ S မြို့တော်၏ လေဆိပ်သို့ ရောက်သည်နှင့် ‘Tomato Station’ မှ ဝန်ထမ်းတစ်ယောက် လာကြိုပေးသည်။

‘Joyous Gathering’ သည် ‘Tomato Station’ ၏ နာမည်အကြီးဆုံး Variety Show ဖြစ်သည်။ ထို Show သည် ထိပ်တန်းသရုပ်ဆောင်များ၊ အနားယူသွားသော ပုဂ္ဂိုလ်ကြီးများ၊ နာမည်ကျော် Variety Show များပင် မဖိတ်ကြားနိုင်သော အနုပညာရှင်များကို အမြဲတစေ ဖိတ်ကြားနိုင်သဖြင့် ပရိသတ်များ အံ့ဩခဲ့ရသည်ချည်း။ ‘Tomato Station’ သည် ထိုသို့သော လူသိများထင်ရှားသည့် ဧည့်သည်တော်များကို ဖိတ်ခေါ်နိုင်စွမ်း ရှိပေသည်။

(TN : ‘Joyous Gathering’ က ‘ပျော်ရွှယ်ဖွယ်ရာ တွေ့ဆုံပွဲ’လို့ အဓိပ္ပါယ်ရပါတယ်။ ‘Tomato Station’ ကတော့ ‘ခရမ်းချဉ်သီး ရုပ်သံဌာန’ ပေါ့။ Variety Show က ရသစုံလင်ရှိုးလို့ပဲ ပြောရမလား။ အတော်များများက TV အစီအစဉ်တွေနဲ့ ရင်းနှီးပြီးသားဆိုတော့ မြန်မာလိုပြန်ရင် စိမ်းသက်နေလို့ ‘Eng’ လိုပဲ ရေးပေးထားပါတယ်နော်။)

‘The Unrivalled 2’ ၏ အဓိကဇာတ်လိုက်နှစ်ဦးသည် ကမ္ဘာကျော်သရုပ်ဆောင်များ ဖြစ်သည့်အားလျော်စွာ ပရိသတ်အင်အား ကြီးမား၏။ ထို့ကြောင့် ရုပ်သံဌာန၏ ဝန်ထမ်းသည် အတော်လေး အလေးထားကာ ကြိုဆိုပေးခဲ့သည်။

“ဒါရိုက်တာ.. ‘The Unrivalled 2’ ကို သွားကြိုတဲ့ ကျုပ်တို့ဝန်ထမ်း ပြောတာတော့ ချန်းရှီကွေ့ပါ ပါလာတယ်တဲ့..”

Show ၏ ပရိုဂျူဆာက သတင်းရရချင်း ဒါရိုက်တာထံ ချက်ချင်း ဖုန်းဆက်တော့သည်။ တိုက်ဆိုင်စွာဖြင့် ‘Joyous Gathering’၏ အဓိကစပွန်ဆာသည် ချန်းလုပ်ငန်းစုအောက်မှ လုပ်ငန်းခွဲတစ်ခု ဖြစ်နေသည်။ သို့ဖြစ်ရာ သရုပ်ဆောင်များနှင့်အတူ ချန်းရှီကွေ့ လိုက်ပါလာကြောင်း သတင်းကြားလိုက်သည်နှင့် ဒါရိုက်တာလည်း ရှော့ရသွားခဲ့သည်။ “ဘာလို့ လိုက်လာတာလဲ..?”

ထိုသို့ပြောပြီးမှ မလုံမလဲ ပြုံးလိုက်ရင်း သူ့မေးခွန်းသူ ပြန်ဖြေလိုက်သည်။ “ကြည့်ရတာ နဉ်ရှီကို တကယ်ချစ်တဲ့ပုံပဲ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now