"မင်းရဲ့ Weibo postကို ပြောင်းလိုက်!"

"!?"

အလွန်တုန်လှုပ်နေတာမို့ လက်တွေက အားနည်းနေပြီး postကို ပြောင်းလဲဖို့ရာအတွက် အချိန်အနည်းငယ်လောက် ယူလိုက်ရ၏။ နောက်ဆုံးမှာတော့ ဖေးပိုင်က စိတ်ကျေနပ်သွားပြီး သူ့ဓားမြှောင်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဘာတစ်ခွန်းမှ မပြောဘဲ ပြတင်းပေါက်ကနေ ပြန်ထွက်သွားလေတော့သည်။

အချိန်ခနကြာတဲ့အခါ အမျိုးသားကလည်း အသိစိတ်တို့ ပြန်ဝင်လာပြီမို့ အလျင်အမြန်ပဲ ပြတင်းပေါက်ဆီသို့ သွားကြည့်တဲ့အခါ တိုက်ခန်းမှ အောက်ဆင်းသွားတဲ့ ဖေးပိုင်ကို မြင်လိုက်ရသည်။ ဦးထုပ်နှင့်သူက လူအုပ်ထဲ ပျောက်ကွယ်လို့ သွားလေ၏။

အမျိုးသားငယ်ကတော့ မျက်ရည်တို့ ကျဆင်းလာတော့သည်။

သူ့ Weiboကို ပြောင်းစေချင်ရင် ဖုန်းခေါ်ပြီး ခြိမ်းခြောက်တာ ဒါမှမဟုတ်လည်း လာဘ်ထိုးရုံလေးပဲ လိုအပ်တာပါ! ဒီလိုလုပ်ဖို့ လူသတ်သမားကိုပါ လွှတ်တဲ့အထိ တကယ်ပဲ လုပ်စရာ လိုလို့လား?! ပြီးတော့လည်း လွှတ်လိုက်တဲ့လူက ကျွမ်းကျင် လူသတ်သမားကြီးလေ!

ကျွမ်းကျင် လူသတ်သမား ဖေးပိုင်က cameraတွေကို ရှောင်ရင်း မျက်မှောင်ကြုပ်လျက် ကားထဲသို့ ၀င်ထိုင်လိုက်လေ၏။

အဖြစ်အပျက်တို့က ခေါင်းထဲဝင်လာလေသည်။ တိုက်ခန်းဆီ သူတက်သွားတုန်းက အိမ်ငှားရဲ့ နံရံမှာ ချိတ်ထားတဲ့  posterအကြီးကြီး တစ်ခုကို သူမြင်ခဲ့သည်။ တချက်လောက် အမှတ်မထင်သာ ကြည့်ခဲ့ရတယ်ဆိုပေမယ့် posterထဲမှ မိန်းကလေးမှာ apricotမျက်လုံးတွေ ရှိတယ်ဆိုတာ မြင်လိုက်ရသည်။ သူမရဲ့ ချစ်စရာကောင်းပြီး လှပတဲ့ သွင်ပြင်ကို ရင်းနှီးလို့နေပြီး သူ့အတွေးထဲက မေ့ပစ်ဖို့ ခက်နေသည်။ ထို တွန့်ဆုတ်ပြီး ရှက်တတ်တဲ့ ပုံစံက သူ့ကို အမှတ်ရစေသည်ကား......

ဖေးပိုင် ခေါင်းခါလိုက်ပြီး အတွေးလွန်နေတာ ဖြစ်မည်ဟုသာ ထင်လိုက်သည်။ သူမက ဘယ်လိုလုပ်ပြီး အနုပညာနယ်ပယ်ထဲကို ၀င်ရဲမှာလဲ? တစ်ယောက်တည်း ငြင်းနေပြီးနောက်မှာ သူ့အတွေးတွေကို ထုတ်လိုက်ပြီး နဂိုမူလ အခြေအနေသို့ ပြန်ဖြစ်သွားလေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now