'ဘော့စ် တကယ်ကြီး ပြောနေတာလား?!'

ဖေးပိုင် အထဲ၀င်လာချိန်က မြူးတူးနေခဲ့ပေမယ့် အခုချိန်မှာတော့ ခံစားချက်တို့က မှိုင်ကျသွားလေ၏။

စုယွဲ့က သူ့ပုခုံးကို ပုတ်ပေးရင်း နှစ်သိမ့်လျက် "လောလောဆယ်တော့ သွေးဆူနေတာကို ထိန်းထား။ ငါတို့က ဥပဒေဘောင်ထဲမှာ ရှိနေတာမို့ ဒီစည်းမျဉ်းတွေကို သီးခံထားလိုက်"

ဖေးပိုင် စိတ်ဓာတ်တို့ ကျသွားသလို့ သူ့ဒေါသတွေကို ထိုကံမကောင်းတဲ့ သတင်းဌာနပေါ်ကို ပုံချရန်သာ ဆုံးဖြတ်လိုက်သည်။

ထိုpostကို ပရိတ်သက် သိန်း‌ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ 'Big V' သတင်းဌာနက တင်ထားခဲ့တာ ဖြစ်၏။ ထိုသတင်းဌာနက အနုပညာရှင်တွေရဲ့ ဘ၀ကို လှည့်ပတ်ကြည့်ရှုပြီး အပေါ်မှ ဓာတ်‌ဆီလောင်းပေးတတ်သည့် လွတ်လပ်သော မီဒီယာ တစ်ခုဖြစ်သည်။ သူ့ရဲ့ ထက်လှစွာသော စကားတွေနဲ့ လင်းယုန်လို မျက်လုံးတွေက အများအားဖြင့် အမှန်တရားကို ဖော်ပြလေ့ရှိသည့် အသေးစိတ်အ‌ချက်အလက်တွေကို ကောက်ယူလေ့ရှိသည်။ ထိုအရည်အသွေးကလည်း သူ့ပုံရိပ်ကို နာမည်ကြီးလာအောင် အထောက်အကူ ပြုပေးခဲ့တာဖြစ်၏။

ဒီအချိန်မှာတော့ သူက ကျန်းရှန့်မေရဲ့ "သူမက အပျိုပဲရှိသေးတယ်" ဆိုတဲ့ postနှင့် နင်မုန့်ရဲ့ "ကျွန်မက လက်ထပ်ပြီးသားပါ။ မေးပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်!" ဆိုသော postနှင့် ဆက်စပ်ပြီး : မိန်းကလေးနင်ဝှက်ထားတဲ့ယောက်ျားရဲ့Xအရည်အချင်းမပြည့်မှီဘူးဟုသံသယရှိ ဆို‌တာကို ကောက်ချက်ချလိုက်တာဖြစ်၏။

ထိုကဲ့သို့သော ခေါင်းစဉ်က အမြဲတမ်း ချက်ချင်းဆိုသလို လူအများရဲ့ အာရုံစိုက်မှုကို ရရှိလို့လာပြီး postက မကြာခင်မှာပဲ trending topicဖြစ်လို့ သွားခဲ့တာဖြစ်လေသည်။

***

အထပ်မြင့် တိုက်ခန်းတစ်ခန်းထဲရှိ သန့်စင်ခန်းထဲတွင် ဖြစ်သည်။

Postပိုင်ရှင်က အိမ်သာခွက်ပေါ်မှာ ထိုင်လို့နေပြီး မိနစ်တိုင်း fanတွေတိုးလာတာကို ကြည့်နေရင်း မပြုံးမိဘဲ မနေနိုင်ဖြစ်နေ၏။ အသက်နှစ်ဆယ်‌ကျော် လူတွေက အင်တာနက်ရဲ့ သက်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င်ရှိကြလေသည်။ သူ့ တကိုယ်ရည် ကိစ္စကို ရှင်းပြီးတဲ့အခါ သန့်စင်ခန်းထဲက ထွက်လာလိုက်သည်။ ဖုန်းကိုင်ထားရင်း ကွန်ပျူတာရှေ့မှာ ထိုင်မယ်လုပ်လိုက်ရင်ပဲ ခေါင်းမော့ကြည့်လိုက်တဲ့အခါ အခန်းထောင့်မှာ အနက်ရောင် သားရေ၀တ်ထားတဲ့ လူတစ်ယောက်က သူ့ခုံပေါ်မှာ ထိုင်နေတာကို သတိပြုမိသွားသည်။ သူက လက်ထဲရှိ မီးခြစ်မှ မီးနဲ့ ကစားနေတာဖြစ်၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now