နေ့လယ်စာစားချိန်ရောက်တော့ သူ့ဆီကို ကိုစောနေသွေးရောက်လာသည်။

"ကိုစောနေသွေးကို ဒီနေ့တည်းကရောက်နေမယ်မထင်ထားဘူး မနက်ဖြန်မှရောက်မယ်ထင်ထားတာ"

"ကိုယ်ကတက်ကြွနေလို့ပါ...အခုမင်းကို နေ့လယ်စာ စားဖို့လာခေါ်တာ"

"ကျွန်တော်က ရုံးကလူတွေကိုစောင့်နေတာ... နောက်ကျနေလို့ပဲလား အခုထိတစ်ယောက်မှရောက်မလာကြသေးဘူး ဖုန်းဆက်တော့လည်း မကိုင်တာနဲ့"

နွေဦးသည် အခြေအနေကို ရှင်းပြလိုက်သည်။ ကိုစောနေသွေးက နွေဦးစကားအဆုံးမှာ နှစ်ခြိုက်စွာပြုံးလေသည်။

"ရုံးကလူတွေက မနက်ဖြန်မှရောက်မှာလေ ကိုယ့်ဘက်ကလူတွေရောပဲ..."

"ဗျာ"

"အင်း အကုန်လုံးစီစဥ်ထားတာ မနက်ဖြန်မှလေ"

ကိုစောနေသွေးစကားကြောင့် သူကြောင်သွားသည်။ သူရက်မှားပြီးကြည့်မိတာလား။ ဖုန်းကိုထုတ်ကာ စစ်ဆေးမည်ပြုတော့ ကိုစောနေသွေးက သူ့လက်ကိုဆွဲကာတားလာသည်။

"မင်းမမှားပါဘူး...ကိုယ်အားလုံးကိုတောင်းဆိုထားလို့ပါ မင်းကိုတော့ တစ်ရက်စောပြီးအသိပေးဖို့"

"ဘာလို့လဲ"

"ဘောင်ထဲက ကြိုးစားမှုပေါ့ ကိုယ် မင်းနဲ့တစ်ရက်ဖြစ်ဖြစ် အတူတူရှိချင်လို့ပါ"

နွေဦးသည် ဘာဆက်ပြောရမလဲမသိတော့ပေ။ ကိုစောနေသွေးက ဒီကြားထဲလုံးဝငြိမ်နေခဲ့ပြီးတော့။ သူ့အပေါ်အကြည့်တွေ မပြောင်းလဲသေးတာကိုတော့ သိပေမဲ့ နွေဦးတတ်နိုင်သည့်ကိစ္စမဟုတ်ချေ။

"ကိုစောနေသွေး ကျွန်တော်..."

"အင်း မင်းကိုချည်ပြီးတုပ်ပြီးလုပ်လိုက်တာလေ...နေ့လယ်စာသွားစားရအောင်ပါ ပြီးတော့ ကိုယ်နဲ့ဟိုနားသည်နား လည်ရုံပဲလေ"

ဘယ်ချိန်နောက်ဆုတ်ရမလဲ ဘယ်ချိန်ရှေ့တိုးရမလဲ အရာအားလုံးတွက်ချက်ထားပြီးသည့် ကိုစောနေသွေးကို သူတူးတူးခါးခါး မငြင်းနိုင်။ နွေဦးက ဘယ်ခြေလှမ်းကိုမှ လှမ်းမည့်သူမဟုတ်ကြောင်း ကိုစောနေသွေးက သိသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now