Chapter (31) Zawgyi

Start from the beginning
                                    

ဤအရာသည် နွေဦးကျင့်သုံးသည့်အမှန်တရားဖြစ်ပြီး ဆယ်မင်းဆက်ကတော့ ဘယ်လိုအမှန်တရားနှင့် သူ့ကိုလက်ခံလိုက်သလဲ... သူမသိချေ။
သူ့ကြောင့် သူအချစ်ရဆုံးသူမှာ နာကျင်ဝမ်းနည်းရတယ်လို့ စဉ်းစားလိုက်လျှင် နွေဦးပါ ထပ်တူထပ်မျှနာကျင်ရပါ၏။



နှစ်တစ်နှစ်၏ အဆုံးသတ်နေ့ ဒီဇင်ဘာလ၏ နောက်ဆုံးနေ့ရက်ကို ရောက်လာသည်။ နှစ်သစ်ကိုကြိုဆိုဖို့ ပြင်ဆင်နေကြသူတွေ စိတ်လှုပ်ရှားတက်ကြွသူတွေကြောင့် နှစ်ကူးညက အရင်ညတွေထက်ပိုပြီး သက်ဝင်လှုပ်ရှားနေသည်။ နွေဦးသည် ဘီယာတစ်ဘူးဖောက်သောက်ရင်း သူငယ်ချင်းများနှင့်ဖုန်းပြောဖြစ်သည်။ နေ့လယ်ဘက်မှာ အမေ့ဆီကိုခဏပြန်ပြီး အမေချက်ကျွေးသမျှကိုစားပြီး အနားယူခဲ့သည်။ သို့ပေမဲ့ ညရောက်လာ ချိန်မှာတော့ သူဒီတိုက်ခန်းကိုပဲ ပြန်ချင်လာသည်။ ဒီတိုက်ခန်းမှာ အရာအားလုံးကျန်ရှိနေသည်...အငွေ့အသက်တွေ ရယ်သံတွေ။  ဒီနေရာက သူ့ကိုစိတ်သက်သာအောင်လုပ်ပေးနိုင်မည့် တစ်ခုတည်းသောနေရာဖြစ်သည်။

Happy New Year ! !

နှစ်သစ်ကူးကိုကြိုဆိုကြသော အော်ဟစ်သံတွေရယ် မီးပန်းဖောက်သံတွေကြားမှာ နွေဦးသည် ဆုတောင်းတစ်ခုပြုမိသည်။

သူ့ဘေးကနေရာလွတ်ကိုကြည့်မိတော့ သူကမှားယွင်းသွားပြီဟု တွေးမိပြန်သည်။ သူရူးနေတာပဲလား...
နွေဦး၏ စိတ်ဆန္ဒတွေအလိုပြည့်အောင်
နတ်ဘုရားတွေတောင် ဖြည့်ဆည်းပေးနိုင်မည်မထင်။


နွေဦးဆီကို ဖုန်းဝင်လာသည်။ တိတ်ဆိတ်သောရပ်ဝန်းငယ်မှာ ဖုန်းဝင်သံတစ်ခုတည်းပဲ ကြီးစိုးနေသည်။ နွေဦးသည် အသက်ကယ်ဆေးလိုမျိုး ဖုန်းကိုလျင်မြန်စွာကိုင်လိုက်သည်။

ဖုန်း‌ဖြေသံမကြားရဘဲ
ဘေးပတ်ဝန်းကျင်၏ ဆူညံနေသံတွေပဲ ကြားနေရသည်။ နွေဦးသည် ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။

"ဆယ်လေး..."

နွေဦးအသံက တိုးညင်းလွန်းတာမို့အဖျားခတ်သံက မသိသာ။

"ကိုကို"

ဆယ်မင်းဆက်၏ အသံကိုကြားလိုက်ရသည်။ ဒီခေါ်သံကို သူဘယ်လောက်တောင်လွမ်းနေရလဲ။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now