"ဖေဖေက သမီးလေးမတည့်တာတွေစားမိရင် နေမကောင်းဖြစ်မာကို စိုးရိမ်လို့မကျွေးတာပါ မီးရ...တည့်တာဆိုရင်ဖေဖေကျွေးတယ်လေ"
"မေမေဆို မီးကိုကျွေးတယ်....မူကြိုကအပြန်မေမေနဲ့ မီးနဲ့ စားချင်တာတွေဝယ်စားကြတာ ပျော်စရာကြီး...မေမေက ဖေဖေလာကြိုရင် ငိုချင်ယောင်ဆောင်လို့မှာထားတယ်....အဲ့တာမှ မီးတို့တွေ ဟီးဟီး"
ကောင်းမွန် သဘောပေါက်သွားပြီဖြစ်သည်။နန်းနန်းနဲ့ညကျ ရှင်းရဦးမည်။ကလေးကိုမဟုတ်တာတွေမသင်နဲ့ပြောတာတောင်သင်ဖြစ်အောင်သင်လိုက်သေးသည်။
"သမီးလေး...ဒီနေ့ကစ စားချင်တာကို ဖေဖေ့ကိုပြော....တည့်တာဆိုရင်ကျွေးမယ်....မတည့်တာကိုမစားရဘူးနော်ကြားလား....မတည့်တာစားရင် ဖေဖေဆူမာနော်....ကြားလား သမီးလေး"
"ဟုတ်...ဖေဖေ မီးအမှန်တိုင်းပြောထားတာနော်...မီးသွားချင်တဲ့ဆီလိုက်ပို့ရမာနော်"
ကောင်းမွန် သမီးလေးရဲ့ခေါင်းကိုဖွဖွလေးကိုင်ပြီးဘယ်သွားချင်လဲဟုမေးလိုက်တော့ သူ့အဘိုးနဲ့အဘွားဆီသွားချင်သည်ဟုပြောသဖြင့်ဒီတစ်ပတ်ပိတ်ရက် လိုက်ပို့ရဦးမည်။
.............................
"ကြာဖြူကြာနီကြာညိုနှောလို့ ၊
တို့လယ်တောမှာ ပွင့်ကြတယ်။ကောက်စိုက်အပြန်ရေကန်ကြီးက
ကြာတစ်စည်းလောက်ချိုးခဲ့ကွယ်။ကြာပွင့်ကြာငုံ ထုံထုံမွှေးကို မလေးဘယ်သို့ သုံး
ပါ့မယ်။ကြားရိုးကြားနွယ်ဘယ်ညာဆစ်လို့ရွှေကြာဆစ်ကြိုးဆွဲပါ့မယ်... ဆွဲပါ့မယ်..."
ဆရာကြီးမင်းသုဝဏ်ရဲ့ ကြာဆစ်ချိုးကဗျာလေးကို သီဆိုနေကြသောကလေးတွေကြောင့်မေလေးအတိတ်ကိုပြန်တွေးနေမိသည်။
ဖေဖေရယ် ကိုကိုရယ် သူရယ် လယ်တောထဲကိုလှည်းကလေးနဲ့သွားခဲ့ပုံ၊စစ်ကိုင်းတောင်ရိုးရဲ့အလှကိုခံစားခဲ့ပုံ၊ နန်းနန်းတို့နဲ့အတူ ကြာကန်ဆီသွားတဲ့နေ့ကအဆူခံ အရိုက်ခံရတာတွေ... အရာအားလုံးဟာ လှပသောအမှတ်တရလေးတွေပင်ဖြစ်သည်။
ကိုကိုနဲ့နန်းနန်းလည်း သာယာလှပသောအိမ်ထောင်ရေးကိုပိုင်ဆိုင်ပြီး ပျော်ရွှင်နေကြသည်။တူမလေးကလည်းချစ်ဖို့ကောင်းလွန်းသည်။ရုပ်က နန်းနန်းနဲ့အတော်လေးတူသည်။တူမလေးက သူ့အား တီတီမေလေး အပျိုကြီးလုပ်ဟုပြောသည်။တူမလေးက အပျိုကြီးလုပ်ဟု မပြောလည်း မေလေးအစကတည်းကလုပ်ဖို့ တွေးထားပြီးသားဖြစ်သည်။
မေလေး သူ့အတွေးတွေနဲ့အတူ ပြုံးနေမိသည်။
![](https://img.wattpad.com/cover/352350456-288-k908438.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)
Romance#Normal #Myanmar fiction #punishment type #ဆိုးသွမ်းလွန်းတဲ့ကောင်မလေးနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ကောင်လေးရဲ့အချစ်ဇာတ်လမ်း #ဖတ်ကြည့်ပါ တစ်ခုခုတော့ကျန်မှာပါ
အပိုင်း 45 (Final)
Start from the beginning