အပိုင်း 23

437 33 14
                                    

အပိုင်း 23

မန္တလေးမှ ရွာကိုသွားသော လမ်းတစ်လျှောက်တွင် မေလေးတစ်လမ်းလုံးငိုကာလိုက်လာလေသည်။ ဖေဖေဆုံးတာကိုလည်းသူတကယ်မယုံနိုင်သေး။နန်းနန်းရဲ့ငိုပြီးကျန်ခဲ့သောပုံရိပ်တို့ကလည်း သူ့ခေါင်းထဲကနေမထွက်ပေ။

တောင်ပြုံးရွာထဲရောက်သော် ကိုကိုက ဆိုင်ကယ်ကိုရပ်လိုက်သည်။

"မေလေး.....ပေါက်စီဝယ်မို့ ခဏနော်"

ကောင်းမွန် ဆိုင်ထဲကိုဝင်ပြီး ပေါက်စီဝယ်လိုက်သည်။

"မေလေး...ရော့ ညီမလေး ဗိုက်ဆာနေလိမ့်မယ် ဒါလေးစားလိုက်"

"ဟင့်အင်း မေလေးမစားချင်ဘူး...သေချင်သေပါစေ မေလေးဘာမှမစားဘူး"

"မေလေး...ကိုကို့ကိုချစ်ရင် ဒါလေးစားလိုက်..ရော့"

ကောင်းမွန်ချော့ကျွေးသော်လည်း မေလေးကမစား။ခေါင်းသာအတွင်တွင်ရမ်းကာ ပေကပ်ကပ်လုပ်နေလေသည်။

"စားချင်တဲ့အချိန်ကြစားလိုက်နော်.....လက်ထဲကိုင်ထား"

ညီမဖြစ်သူကိုပြောပြီး ဆိုင်ကယ်ပေါ်တက်ကာ ရွာသို့ဆက်မောင်းလိုက်သည်။

ကောင်းမွန်နဲ့မေလေး အိမ်ကိုရောက်ရောက်ချင်း အဖေ့ရဲ့အမ ကြီးကြီးညိုက သူတို့နှစ်ယောက်ကိုပြေးဖက်ကာငိုလေသည်။

"အောင်ဇာရေ မင်းရဲ့သားနဲ့သမီးရောက်နေပြီ ထကြည့်ပါဦး...အမလေး...အီး....ငါ့မောင်လေးရေ ထကြည့်ပါဦး...အီးဟီး"

"ကြီးကြီး....မေလေးတို့ဖေဖေကို ဘယ်သူက ကားနဲ့တိုက်သွားတာလဲဟင်...မေလေးရဲ့ဖေဖေ ဘာလို့​သေသွားတာလဲ အီးဟီး....အင့်"

.............

ကောင်းမွန် အိမ်ထဲကို ဝင်ပြီး အဖေနဲ့အမေရဲ့ပုံလေးကိုကြည့်လိုက်သည်။
"အဖေနဲ့အမေ...သားတို့ကိုစိတ်ချပါ....သား ညီမလေးကိုစောင့်ရှောက်ပါ့မယ်"

ကောင်းမွန် အဖေဆုံးတာကို ရွှေအိမ်စည်ကိုလည်းပြောမပြဘဲထားထားသည်။ရွှေအိမ်စည်သိပါက သူ့အားစိတ်ဆိုးလိမ့်မည်။

ရက်လည်ပြီးနောက် ကောင်းမွန် ကြီးကြီးညိုအား တိုင်ပင်စရာရှိသည့်ကိစ္စများကို ပြောပြလေသည်။ထို့နောက် ဦးလေးမောင်ဇင်တို့ အိမ်ကနေ ပြောင်းပြီးနေတော့မည့်အကြောင်းများပါပြောပြလိုက်သည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)حيث تعيش القصص. اكتشف الآن