အပိုင်း 19

495 32 13
                                    

အပိုင်း 19

ဒီဇင်ဘာရဲ့အေးချမ်းတဲ့မနက်ခင်းက နန်းနန်းအားမထချင်အောင်မြူစွယ်နေ၏။ကျောင်းသွားရမည်ဖြစ်လို့ မထလို့လည်းမဖြစ်။8တန်းတစ်နှစ်လုံး သူကောင်းမွန်အားအရွဲ့တိုက်ကာမစမ်းဖူးတာတွေအကုန်စမ်းကြည့်မိသည်။ အိပ်ယာအောက်က ဘီယာဗူးခွံတွေ၊ဆေးလိပ်တိုတွေကသက်သေပင်။

"အား.....ဆောင်းရာသီကို ချစ်ပေမယ့် အိပ်ယာမထနိုင်တာကြီးတစ်ခုပဲ.....ငါ့အိပ်ယာလေးကို ကျောင်း စာသွားသင်ရင်လည်း ယူသွားချင်တယ်"

နန်းနန်း သိုးမွှေးဝမ်းဆက်လေးနဲ့ အိပ်ယာထဲကနေ ကုန်းထလိုက်သည်။ ဆံပင်ဂုတ်ဝဲလေးကို ထိုးဖွလိုက်ပြီး လက်နှစ်ဖက်ကိုအပေါ်ကိုဆန့်လိုက်သည်။

"အား...ပျင်းလိုက်တာ"

စောစောစီးစီး အပျင်းကြီးနေသောသူ့အား ကောင်းမွန်သာသိရင် ဆူပူနေလောက်မည်။အခန့်မသင့်ရင်ရိုက်ကောင်းရိုက်လိမ့်မည်။

"ဟူး နန်းနန်း မတွေးနဲ့ နင့်ကိုနာကျင်စေတဲ့သူကိုမေ့ပစ်စမ်း...ဒီခေါင်းက မတွေးနဲ့ မတွေးနဲ့"

နန်းနန်း သူ့ခေါင်းကို လက်ကလေးနဲ့ထုရိုက်နေသည်။သူကောင်းမွန်မြတ်ကိုအရွဲ့တိုက်ပြီးလုပ်ချင်သလိုလုပ်နေပေမယ့် သူကောင်းမွန်အား လိုချင်နေတုန်းပင်။မျှော်လင့်နေတုန်းပင်။

အိပ်ယာကနေ ထကာ အခန်းပြတင်းပေါက်ကိုဖွင့်လိုက်တော့ ခြံထဲမှာလေ့ကျင့်ခန်းလုပ်နေတဲ့မေလေးနဲ့ကိုကောင်းမွန်မြတ်ကိုတွေ့ရသည်။အရပ်6ပေရှိသော ကိုကောင်းမွန်မြတ်က နန်းနန်းမျက်လုံးထဲချစ်ဖို့ကောင်းနေသည်။ အားကစားဝတ်စုံဝတ်ထားသောသူ့ပုံစံက လုံးဝမိမိုက်နေသည်။
မေလေးအား အကြောလျော့လေ့ကျင့်ခန်း ခေါင်းလေ့ကျင့်ခန်း ခါးလေ့ကျင့်ခန်း အစရှိသည့်လေ့ကျင့်ခန်းတို့ကိုသင်ပေးနေလေသည်။ကိုကောင်းမွန်မြတ်က  ဒီဇင်ဘာလူထုလမ်းလျောက်ပွဲမှာလည်းအမြဲလမ်းလျောက်သည်။

"သူတို့များစောစောစီးစီးလေ့ကျင့်ခန်းလုပ်နေကြတယ် ငါနဲ့ကွာပ...အိပ်ယာကနေတောင်မနည်းထရတယ်"
.....................

နန်းနန်း ဆွယ်တာအဖြူရောင်လေးကို ဝတ်လိုက်ပြီး  ဂုတ်ဝဲဆံပင်လေးကိုတစ်လွှာစီးစီးလိုက်သည်။ပါးနှစ်ဖက်တွင်လည်း သနပ်ခါးပါးကွက်သေးသေးလေးနှစ်ဖက်ကွက်လိုက်သည်။ ထို့နောက်  ကျောင်းသွားဖို့အတွက် မေလေးဆီကိုသွားလိုက်သည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now