အပိုင်း 8

646 37 19
                                    

အပိုင်း 8

ကောင်းမွန်မြတ်တို့နှစ်ယောက် ကြက်ဖရှာပုံတော်ဖွင့်နေကြသည်။

"ငါ့တူ....စောနာက ဒီနားလေးထားခဲ့တာပဲ....အခုဘယ်ရောက်သွားလဲမသိ"

"ဦးလေး...ကျနော် ကျနော့်ရဲ့ဖိုးဝါကိုတွေ့အောင်ရှာချင်တယ် ကူညီပါဗျာ"

တစ်နာရီပြီးတစ်နာရီသာကုန်သွားသည်။ ကောင်းမွန် သူ့ကြက်ဖကိုမတွေ့။ကောင်းမွန်မျက်နှာမှာ ပင်ပန်းလို့နေသည်။သူ့ရဲ့ဖိုးဝါကို ဘယ်သူကဖမ်းပြီးချက်စားလိုက်မလဲ...ဘယ်သူတွေကဖမ်းပြီးကြက်တိုက်ခိုင်းနေမလဲ စသည့်အတွေးတို့ကသူ့အားနာကျင်စေသည်။

"ငါ့တူ ဦးလေးတောင်းပန်ပါတယ်...ဦးလေးမတွေ့မချင်းရှာပေးမယ်"

"နေပါစေတော့ဗျာ.....ဦးလေးကျနော်တို့ပြန်ရအောင်"

ကောင်းမွန်တို့ နောက်ဆုံးတွင်အိမ်ကိုသာပြန်ရောက်လာသည်။ အိမ်ခြံဝင်းထဲကိုဝင်ဝင်ချင်း ဒန်းထိုင်စီးနေသော နန်းနန်းဆိုသည့်ကောင်မလေးကို ကောင်းမွန်အရင်မြင်ရသည်။
ကလေးနဲ့တုပြီးလည်း ကောင်းမွန်ရန်မဖြစ်ချင်ပါ။
ကောင်းမွန်မြတ် ဒန်းထိုင်စီးနေသောကောင်မလေးကို တစ်ချက်စိုက်ကြည့်လိုက်သောအခါ ထိုကောင်မလေးနှင့် မျက်လုံးချင်းဆုံမိသည်။

"ဟင်...ဟိုအကိိုကြီးက ငါ့ကို စိုက်ကြည့်နေတာပဲ...နန်းနန်း နင်သူနဲ့ဝေးနိုင်သလောက်ဝေးအောင်နေတော့.....အမလေးကြည့်နေတာကြီးက လူကိုဝါးစားမယ့်အတိုင်းပဲ"

တစ်ဖက်က ကောင်းမွန်မြတ်စိတ်တွင်လည်း...
"နန်းနန်း....ဘာလို့မင်းက ဂျစ်ကပ်ကပ်ပုံစံဖြစ်နေရတာလဲ"

...................

ကောင်းမွန်တို့ ကျောင်းတက်ရမည့်ပထမဆုံးနေ့....

ကောင်းမွန်ရယ် မေမွန်မြတ်ရယ် နန်းနန်းရယ် တစ်ကျောင်းတည်းမှာတက်ရသည်။ဦးမောင်ဇင်က ကောင်းမွန်အားညီမလေးနှစ်ယောက်ကိုစောင့်ရှောက်ဖို့ပြောသည်။နန်းနန်းကတော့ သူ့အားအရေးမလုပ်ဘဲ ရှောင်ဖယ်ဖယ်သာနေတတ်သည်။

"သမီးတို့ပြီးပြီလား.....မေမေတို့ကျောင်းသွားရအောင်"

ဒေါ်မြင့်ဖူးမောင် အိမ်ပေါ်ကနေဆင်းလာပြီး ကလေးတွေကိုပြောလိုက်သည်။ဒေါ်မြင့်ဖူးမောင် သူ့သမီးအသက်ကိုကယ်ခဲ့သော အမရဲ့ ကလေးများကို သူစိတ်ရင်းနှင့်ဂရုစိုက်ပေးသည်။

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Där berättelser lever. Upptäck nu